နန်းဆုလေးတစ်ယောက်တော့ “ နန်းစံသူ” ပိုးထည်တိုက်ဖွင့်ပွဲမှာ နန်းဆန်ဆန်လေးနဲ့ လှနေပါတယ်။ မြစိမ်းရောင်အကျီလေးလက်ရှည်လေးနဲ့ ချိတ်လှိုင်းကြီးကြီးပါတဲ့ ချိတ်ထမီလေးကို တွဲဖက်ဝတ် ဆင်ကာ ရောင်စုံကျောက်ပွင့်များ စီခြယ်ထားတဲ့ ဘယက်တစ်ခုကို ဝတ်ဆင်ထားပါတယ်။ နန်းဆန်ဆန်လှတဲ့အလှမျိုးဆိုတာက ဒီလိုပြည့်စုံတဲ့ သူမလေးအတွက် ဖြစ်မယ်ထင်တယ်နော် ပရိသတ်ကြီး။

လူငယ်အကြိုက် အမိုက်စာသီချင်းတွေကို ရေးစပ်ကာ သီဆိုတက်သူ အဆိုတော် G -fatt နဲ့ သူမတို့ အချစ်ရေးကတော့ အမြဲတမ်း စစနောက်နောက်ပါပဲ ။

နန်းဆုက သူမပုံလှလှလေးတွေနဲ့အတူ “ မြန်မာဝတ်စုံလေးဝတ်ရင် သိပ်လှတာပဲဆိုလို့” လို့ရေးသားထားတာကြောင့် G- Faff တစ်ယောက်တော့ သဝန်ဆိုနေပုံပါပဲ။

ဒါကြောင့် “ ဘယ်သူကလဲ” ဆိုပြီးမန့်ထားပါသေးတယ်။

ဒါကို နန်းဆုက“ ဟို သွားတိုက်နေတဲ့ အကိုကြီးကလို့” ပြန်လည်မှတ်ချက်ပေးထားတာတွေ့ရပါတယ်။

သူမတို့အတွဲကတော့ ဒီလိုအမြဲ ပျော်ပျော်ရွှင်ရွင်နေတက်ပြီး လိုက်ဖက်တဲ့စုံတွဲပါပဲ။

“ ရူးအောင်ချစ်ရသူ” ဆိုတဲ့သီချင်းလေးရဲ့ ပိုင်ရှင်နန်းဆုကတော့ ဒီလိုသီချင်းမျိုးလေး နောက်ထပ် အသစ်တစ်ခုကိုလည်း ထပ်ပြီးပုံဖော်ကာ သီဆိုထားတာမို့ ပရိသတ်ကြီးက ခဏလောက်စောင့်ပေး ပါအုံး လို့ဆိုပါတယ်။

နောက်ထပ်တစ်ပုဒ်မှာရော ဘယ်သူနဲ့သရုပ်ဆောင်မှာလဲ?ဘယ်လိုလေးတွေ ဆိုမှာလဲ? ဘယ်လိုပုံစံလေးများ ဖြစ်မလဲဆိုတာကိုတော့ ရင်ခုန်စွာနဲ့ပဲ တူတူစောင့်ကြည့်ရအောင်နော် ။

နန်းဆုတစ်ယောက်မြန်မာဝတ်စုံလေးနဲ့ ဘယ်လိုများနန်းဆန်နေမလဲဆိုတာကိုတော့ ပရိသတ်ကြီးကိုယ်တိုင် ကြည့်ရှုလို့ရအောင် မျှဝေပေးလိုက်ပါတယ်နော် ။

Source – Nann Su Yati Soe FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။