မြန်မာနှင့်ထိုင်း ဆူဇူကီးဖလား ဆီမီးဖိုင်နယ် (ပ-အကျော့)အတွက် ကြိုတင် လက်မှတ်များကို ယနေ့မနက် (၁၀းဝဝ)နာရီမှ စတင်ကာ သုဝဏ္ဏကွင်း၊ အောင်ဆန်းကွင်း၊ ပဒုမ္မာကွင်းနှင့် လှည်းတန်းစင်တာ တို့တွင် ရောင်းချပေးလျက်ရှိပါသည်။ ယနေ့ မွန်းလွဲ (၂း၁၅)နာရီ နောက်ဆုံးရ လက်မှတ် ရောင်းချမှု စာရင်းများ အရ ယနေ့ရောင်းချမည့် အထူးတန်း လက်မှတ် အရေအတွက် အားလုံး ရောင်းချပေးခဲ့ပြီးဖြစ်၍ မနက်ဖြန်မှသာ ဆက်လက် ရောင်းချပေးသွားပါမည်။

နောက်ဆုံးရရှိသည့် လက်ကျန် စာရင်းများအရ အောင်ဆန်းကွင်းတွင် ရိုးရိုးတန်း လက်မှတ် (၄၀၀) စောင်၊ လှည်းတန်း စင်တာတွင် ရိုးရိုးတန်းလက်မှတ် (၄၀၀)စောင်၊ သုဝဏ္ဏကွင်းတွင် ရိုးရိုးတန်းလက်မှတ် (၉၀၀)စောင်သာ ရောင်းရန် ကျန်ရှိပါတော့ကြောင်း သတင်းရရှိပါသည်။

မနက်ဖြန်တွင် ရောင်းချမည့် လက်မှတ်အရေအတွက်

သုဝဏ္ဏကွင်း - အထူးတန်း (၅၀၀)စောင်၊ ရိုးရိုးတန်း (၂၀၀၀)စောင်

အောင်ဆန်းကွင်း - အထူးတန်း (၃၀၀)စောင်၊ ရိုးရိုးတန်း (၁၀၀၀)စောင်

ပဒုမ္မာကွင်း - အထူးတန်း (၂၀၀)စောင်၊ ရိုးရိုးတန်း (၈၀၀)စောင်

လှည်းတန်းစင်တာ - အထူးတန်း (၅၀၀)၊ ရိုးရိုးတန်း (၁၅၀၀)စောင်

မနက်ဖြန်တွင် အထူးတန်း လက်မှတ် စုစုပေါင်း (၁၅၀၀)စောင်နှင့် ရိုးရိုးတန်း လက်မှတ် စုစုပေါင်း (၅၃၀၀)စောင်တို့အား အထက်ဖော်ပြပါ နေရာများတွင် ဆက်လက် ရောင်းချပေး သွားမည် ဖြစ်ပါကြောင်း MFF က ကြေငြာထားပါတယ်။

Ref., MFF

Photo - MOI

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။