အင်တာဗျူး ဖြေစရာ ရှိတဲ့ အခါမှာ အများစုက အဝတ်အစားကို ပြင်ဆင်လေ့ ရှိကြပြီး ကျန်တဲ့ အရေးကြီးတဲ့ အရာတစ်ချို့ကို မေ့နေတတ်ကြပါတယ်။ အင်တာဗျူး မေးသူက အလုပ်လာလျှောက်တဲ့သူ ကို အလုပ်နေရာနဲ့ ကိုက်ညီမှု ရှိရဲ့လား ဆိုတာကို ဆန်းစစ်မှာ ဖြစ်တဲ့ အတွက် လျှောက်ထားသူရဲ့ ကိုယ်ရည်ကိုယ်သွေး၊ အရည်အချင်း၊ အလုပ်အပေါ် ကောင်းကျိုး ပြုနိုင်မှု၊ စိတ်အား ထက်သန်မှု … စတာတွေကို ဆန်းစစ်မှာပဲ ဖြစ်ပါတယ်။ အင်တာဗျူး ကောင်းစွာ ဖြေဆိုနိုင်ဖို့ ကိုယ် လျှောက်ခဲ့တဲ့ ကုမ္ပဏီအကြောင်း၊ ရည်ရွယ်ချက်၊ လုပ်ငန်း လည်ပတ်ပုံ စတာတွေကိုတေ့ အကြမ်းဖျင်း သိထားသင့်ပါတယ်။ 

အင်တာဗျူး သွားဖြေတဲ့ အခါ ပထမဆုံး ကိုယ့်ကို မြင်လိုက်တဲ့ အချိန် ကိုယ်ရဲ့ ဖော်ပြမှု (first impression) က အရမ်း အရေးကြီးပါတယ်။ ကိုယ့်ကိုယ့် ကိုယ် ကောင်းမွန်စွာ တင်ဆက်နိုင်ဖို့အတွက်

- အဝတ်အစားနဲ့ ပုံသဏ္ဍာန်

- အချိန်လေးစား တိကျမှု

- စကား ပြောဆိုပုံ၊ လက်ဆွဲနှုတ်ဆက်ခြင်း၊ ခန္ဓာကိုယ် အမူအရာ

- မျက်လုံး အနေအထား (eye contact) … စတာတွေကိုလည်း သတိထားသင့်ပါတယ်။ အင်တာဗျူးမှာ လူတိုင်း စိတ်လှုပ်ရှားတတ်ကြပေမယ့် အရေးကြီးတာက ဟန်ဆောင်လိမ်ညာခြင်း မရှိဘဲ ပြောဆိုဆက်ဆံ ဖို့ပါပဲ။

အင်တာဗျူး တစ်ခုမှာ မေးလေ့ မေးထ ရှိတဲ့ မေးခွန်းများကိုလည်း တစ်ဆက်လည်း ဖော်ပြပေးလိုက်ပါတယ်။

(၁) သင့်အကြောင့် အနည်းငယ် ပြောပြပါ

(၂) အလုပ်ပြောင်းရတဲ့ အကြောင်းရင်း

(၃) ယခု လာလျှောက်တဲ့ အလုပ်အပေါ် ဘာကြောင့် စိတ်ဝင်စားတာလဲ

(၄) အလုပ်နဲ့ ပတ်သက်ပြီး ကိုယ်ဘာတွေ လုပ်ပေးနိုင်သလဲ

(၅) ကိုယ့်ရဲ့ အားသာချက်၊ အားနည်းချက်

(၆) အနာဂတ် ရည်မှန်းချက် (နောက် ၅ နှစ်မှာ ကိုယ့်ကိုယ် ကိုယ် ဘယ်နေရာမှာ ရောက်နေမယ်လို့ ထင်လဲ)

(၇) လာလျှောက်တဲ့ သူတွေ အများကြီးထဲမှာ သင့်ကို ဘာကြောင့် အလုပ်ခန့်သင့်တာလဲ

(၈) လစာ မျှော်မှန်းချက်

(၉) အလုပ်မရရင် ဘာဆက်လုပ်ဖို့ အစီအစဉ် ရှိလဲ 

အနည်းဆုံးတော့ ဖော်ပြပါ မေးခွန်းတွေ အားလုံးတဲ့ သင့်တော် ကောင်းမွန်တဲ့ အဖြေရှိပြီးမှသာ အင်တာဗျူးဖြေဖို့ သွားသင့်ပါတယ်။ ကိုယ့်ဘက်ကနေစပြီး အင်တာဗျူးတဲ့သူကို လစာ၊ ပိတ်ရက်၊ bonus တွေ စပြောပြီး မေးမိတာမျိုးကိုလည်း ရှောင်ကြဉ်သင့်ပါတယ်။

ဖော်ပြပါ အချက််များကို သိရှိပြီးနောက် အားလုံးပဲ အင်တာဗျူး ကောင်းမွန်စွာ ဖြေဆိုနိုင်ပြီး အလုပ်အကိုင် ကောင်းကောင်း ရရှိနိုင်ကြပါစေရှင်။

Own Creation @ Tina 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။