ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြည်သူများ ဓာတ်လိုက်မှု အန္တရာယ် ကင်းဝေးရေးအတွက် ရှုပ်ထွေး Service များ ရှင်းလင်းခြင်း၊ လျှပ်ကာကြိုးများ အစားထိုးခြင်း၊ ဓာတ်အားလိုင်းနှင့် မလွတ်ကင်းသော သစ်ပင်များ ရှင်းလင်းခြင်းများကို “ပြည်သူပါဝင်သော လျှပ်စစ်အန္တရာယ် ကင်းရှင်းရေးစီမံချက်” အနေဖြင့် ဒီဇင်ဘာ ၃ ရက်နေ့ နံနက် ၉ နာရီမှ နေ့ ၁၂ နာရီထိ လုပ်ငန်းများ ဆောင်ရွက်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

ထိုသို့ အန္တရာယ်ကင်းရှင်းရေး လုပ်ငန်းများ ဆောင်ရွက်ခြင်းကြောင့် ဒဂုံမြောက်၊ ဒေါပုံ၊ သာကေတ၊ မင်္ဂလာတောင်ညွန့်၊ ဗိုလ်တထောင်၊ ပုဇွန်တောင်၊ ဗဟန်း၊ လှိုင်၊ ကမာရွတ်၊ စမ်းချောင်း၊ အလုံ၊ ကြည့်မြင်တိုင်၊ ဒဂုံ၊ သန်လျင်၊ ကျောက်တန်း၊ ခရမ်း၊ သုံးခွ၊ တွံတေး၊ ကော့မှူး၊ ကွမ်းခြံကုန်း၊ လက်ခုတ်ကုန်း၊ ကျိုက်ကော်၊ ဒါးပိန်၊ ဖောင်ကြီး၊ မှော်ဘီ၊ မြောင်းတကာ၊ တိုက်ကြီး၊ ဥက္ကံ၊ အဖျောက်၊ အင်းတိုင်၊ ထန်းတပင်မြို့နယ်များတွင် ဓာတ်အားဖြတ်တောက်ကာ လုပ်ငန်းဆောင်ရွက်မည် ဖြစ်သဖြင့် ယာယီ ဓာတ်အား ပြတ်တောက်မည်ဖြစ်ကြောင်း သိရသည်။

လုပ်ငန်းများ ဆောင်ရွက်မည့် မြို့နယ်များရှိ ရပ်ကွက်၊ နေရာ တချို့တွင်သာ အချိန်ပိုင်း ယာယီ ဓာတ်အားပြတ်တောက်မည်ဖြစ်ကာ ပြည်သူများ လျှပ်စစ် အန္တရာယ် ကင်းရေးအတွက် မဖြစ်မနေ ဆောင်ရွက်ရခြင်း ဖြစ်သောကြောင့် ဓာတ်အား ယာယီပြတ်တောက်ခြင်းကြောင့် မိဘပြည်သူများ၏ လူမှုရေး အခက်အခဲများ ဖြစ်ပေါ်ရခြင်းအပေါ် အနူးအညွတ် တောင်းပန်အပ်ပါကြောင်း ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးဌာနက ထုတ်ပြန် အသိပေး ကြေညာထားသည်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။