သူတို့(၃)ဦးကတော ့ ပရိသတ်အချစ်တော်တွေဖြစ်ပြီး ကြုံတုန်းကြုံခဲ အမှတ်တရဓာတ်ပုံလေးတွေရိုက်ထားပြီး ဖေ့ဘုတ်မှာ မျှဝေထားတာဖြစ်ပါတယ်။

နာမည်ကြီးအဆိုတော် ပိုပို ၊ မနော နဲ့ ရွှေထူး တို့ (၃)ဦးဟာ နေပြည်တော်မှာ ပြုလုပ်တဲ့ ပညာပန်းတိုင် ဆုပေးပွဲမှာ ဖိတ်ကြားခံခဲ့ရပြီး သီချင်းတွေနဲ့ သီဆိုဖျော်ဖြေခဲ့ကြတယ်လို့ သိရပါတယ်။

နေပြည်တော်က ဆုပေးပွဲလေးမှာ ကြုံတောင့်ကြုံခဲ ဆုံလိုက်ကြတုန်းမှာ အဆိုတော်ပိုပို က ရွှေထူး ၊ မနော တို့နဲ့အတူ အခုလို အမှတ်တရ ဓာတ်ဖမ်းခဲ့ပုံလေးတွေကို သူမရဲ့ အကောင့်မှာ မျှဝေထားတာတွေ့ရပါတယ်။

ပိုပို ဟာ ချစ်ဖူးခဲ့သမျှ ဆိုတဲ့ သီချင်းလေးနဲ့ ပရိသတ်အားပေးမှုအခိုင်အမာရရှိခဲ့ပြီး အလွမ်းသီချင်းကြိုက်တဲ့ ရေဒီယို ဆိုတဲ့ သီချင်းခွေလေးဟာလည်း ဂီတလမ်းကြောင်းမှာ မှတ်တိုင်တစ်ခုစိုက်ထူနိုင်ခဲ့တာဖြစ်ပါတယ်။

ဒါ့ပြင် အားလုံးချစ်ကြမှာဖြစ်တဲ့ အဆိုတော်မနောကိုတော့ တစ်နိုင်ငံလုံးက ပရိသတ်တွေရဲ့ တခဲနက်အားပေးမှုတွေနဲ့အတူ သူ့ရဲ့ သီချင်းအပုဒ်ရေတိုင်းဟာ ကျေးလက်ဒေသသဘာဝကိုဖော်ပြနေတာမို့ အနယ်နယ်ရပ်ရပ်က ပရိသတ်တွေကြိုက်ကြပါတယ်။ အလှုပွဲမင်္ဂလာပွဲ နေရာစုံမှာ ဖွင့်လေ့ရှိတာမို့ သူ့ရဲ့ အချစ်သီချင်းအပါအဝင် လူကြိုက်များနေတာဖြစ်ပါတယ်။

နောက်ထပ် ပရိသတ်အချစ်တော်တစ်ဦးဖြစ်တဲ့ အဆိုတော် ရွှေထူးဟာလည်း အောက်ခြေကနေ သူ့အစွမ်းစနဲ့ ဂီတလမ်းကြောင်းပေါ် လျှောက်ခဲ့သူတစ်ဦးပါ။ လူငယ်ပရိသတ်တွေအသဲစွဲ သီချင်းလေးတွေရေးစပ်သီဆိုရင်း ဂီတမှာသာမက သရုပ်ဆောင်လောကမှာပါ နာမည်ရနေတဲ့ ဆယ်လီတစ်ဦးပါပဲ။

ပရိသတ်ကြီးရေ သူတို့(၃)ယောက်ကို ချစ်ရဲ့လား။  

Source : Popo fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။