ခပ်ဟော့ဟော့ သီဆိုဖျော်ဖြေမှုပုံစံကြောင့် ပရိသတ်အားပေးမှုပိုရလာတဲ့ မိုင်လေးဆိုင်းရပ်ကိုတော့ မြန်မာပရိသတ်တွေလည်း ရင်းနှီးပြီးသားဖြစ်မှာပါ။

စေ့စပ်ထားတဲ့ မိုင်လေဟာ သူမရဲ့ ချစ်သူမင်းသားချော Liam Hemsworth ရဲ့ ယနေ့ ကျရောက်တဲ့ (၂၇)နှစ်ပြည့်မွေးနေ့မှာ ဆုမွန်ကောင်းခြွေခဲ့ပါတယ်။

ချစ်သက်တမ်းတွေများစွာဖြတ်သန်းရင်း ပြတ်လိုက်ဆက်လိုက်ဖြစ်ခဲ့တဲ့ သူတို့စုံတွဲဟာ ဟောလိ၀ုဒ်ရဲ့ ချစ်စရာအကောင်းဆုံး စုံတွဲလေးအဖြစ် စိတ်ဝင်စားခြင်းခံနေရတာဖြစ်ပါတယ်။

လက်တလောမှာတော့ မိုင်လေဟာ သူမရဲ့ ချစ်သူ ဟောလိ၀ုဒ်မင်းသား Liam ရဲ့မွေးနေ့ကို “အရင်းနှီးဆုံးမိတ်ဆွေသူငယ်ချင်း” ဆိုပြီး ရေးသားကာ အင်စတာဂရမ်ကနေ မွေးနေ့ဆုတောင်းပေးထားပါတယ်။

အသက်(၂၅)နှစ်အရွယ် မိုင်လေဟာ လွန်ခဲ့တဲ့ (၂)ရက်ခန့်က သူမရဲ့ ဘဲဘဲ နဲ့မိသားစုဝင်တွေ နဲ့အတူ သြစတေးလျမှာ အပြင်ထွက်နေတဲ့ပုံလေးတွေထွက်ပေါ်ခဲ့ပါသေးတယ်။

သူမဟာ သူမတို့စုံတွဲရဲ့ ပုံလေးတွေကို အတူတူစုစည်းတင်ထားပြီး “Happiest birthday to my very best friend on the entire planet! I <3 u!" လို့ရေးသားထားပါတယ်။

ချစ်စရာကောင်းတဲ့ သူတို့စုံတွဲလေးဟာ ရှေ့သွားနောက်လိုက်ပြီး လိုက်ဖက်လွန်းတာမို့ ပရိသတ်တွေကတော့ အားကျနေရတာဖြစ်ပါတယ်။

မိုင်လေ နဲ့ လီယမ် ဟာ ဟောလိ၀ုဒ်မှာ အောင်မြင်မှုကိုယ်စီနဲ့ ရပ်တည်နေတဲ့ ကမ္ဘာကျော်ဆယ်လီတွေဖြစ်တာမို့ ပရိသတ်အခိုင်အမာရရှိထားတာပါ။ 

Ref : Just Jared

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။