အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယား မြေပြိုမှုကြောင့် လူ ၁၇ ဦး သေဆုံးပြီး ပျောက်ဆုံးသူတွေကို ဆက်လက် ရှာဖွေနေတာ်လို့သိရပါတယ်

ကယ်လီဖိုးနီးယားပြည်နယ်၊ စန်တာ ဘာဘရာ စီရင်စု၊ မွန်တေစီတိုမြို့မှာ မြေပြိုမှုအတွင်း ရှင်သန်ကျန်ရစ်သူတွေကို ကယ်ဆယ်ရေးသမားတွေက ရှာနေတာပါ။

ဇန်နဝါရီ ၁၀ ရက်နေ့က အကြီးအကျယ် မြေပြိုမှုအတွင်း ရွှံ့တွေ စီးဆင်းပြီး ကျောက်တုံးကြီးတွေက လူနေရပ်ကွက်တွေထဲ လိမ့်ဆင်းလာခဲ့လို့ လူ ၁၇ ဦး သေဆုံးပြီး လူအတော်များများ ပျောက်ဆုံးနေပါတယ်။

အပျက်အစီးတွေ ပြည့်နေတဲ့ မြို့ထဲမှာ လျှပ်စစ်မီးနဲ့ အင်တာနက်လည်း ပြတ်တောက် နေပါတယ်။

ဇန်နဝါရီ ၉ ရက်နေ့က အားကောင်းတဲ့ ဆောင်းမုန်တိုင်းတခု အမေရိကန် အနောက်ဘက် ကမ်းရိုးတန်းကို ဖြတ်သန်းတိုက်ခတ်ခဲ့တာပါ။

ဒါကြောင့် မိုးကြီးခဲ့ပြီး ဇန်နဝါရီ ၁၀ ရက်နေ့ မနက်အစောပိုင်းမှာ ရွှံ့မြေတွေ ပြိုကျခဲ့ပါတယ်။ ရာနဲ့ချီတဲ့ မီးသတ်သမားတွေနဲ့ ကယ်ဆယ်ရေးသမားတွေက ပျောက်ဆုံးနေသူတွေနဲ့ ရှင်သန် ကျန်ရစ်နေသူတွေကို ရှာနေကြပါတယ်။

ဒါပေမယ့် ရွှံ့တွေနဲ့ အပျက်အစီးတွေ ထူထပ်နေလို့ ရှာဖွေရ အခက်ခဲကြုံနေရပြီး ဒေသတခုလုံး ရွှံ့ပုပ်နံ့ ထွက်နေတယ်လို့ မီဒီယာတွေက အစီရင်ခံပါတယ်။

သေဆုံးသူ အများစုဟာ ချမ်းသာပြီး လူဦးရေ ၉၀၀၀ လောက်သာ ရှိတဲ့ စီရင်စုထဲက မွန်တေစီတို မြို့ဝန်းကျင်က လူတွေလို့ ဆိုပါတယ်။

ရွှံ့မြေပြိုကျမှုကြောင့် ထောပတ်သီး စိုက်ခင်းတွေ ရေလွှမ်းမိုးခဲ့လို့ မြို့ရဲ့ စီးပွားရေးလည်း ထိခိုက်ခဲ့ပါတယ်။

ဒီဒေသဟာ အစောပိုင်း သီတင်းပတ်တွေက သောမတ်စ် တောမီးလို့ေ ခါ်တဲ့ ပြည်နယ်အတွင်း စံချိန်တင် အကြီးဆုံး တောမီးဒဏ်ကို ခံခဲ့ရပါသေးတယ်။

Source- DVB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။