မကြာခင်ကမှ လက်ထပ်ထားခဲ့ကြတဲ့ မောင် ထက်ဦးလှိုင် နဲ့ မယွန်းဝတီလွင်မိုးတို့နှစ်ဦးကတော့ မကြာခင်မှာ သြဇီကို ပြန်ပြီးကျောင်းတက်ကြတော့မှာ ဖြစ်တယ်လို့ သိရပါတယ်။ ပရိသတ်တွေကို အံ့အားသင့်စေခဲ့တဲ့ သူတို့နှစ်ဦးရဲ့ မင်္ဂလာပွဲလေးဟာ ဝေဖန်မှုအနည်းငယ်ရှိခဲ့ပေမဲ့ ပရိသတ်အများစုကတော့ သဘောကျ နှစ်သက်ကြတာကို တွေ့ရပါတယ်။ မင်္ဂလာပွဲလေးပွဲ ကျင်းပပြုလုပ်ခဲ့ပြီး နှစ်ဖက်မိဘဆွေမျိုးတွေကြားမှာ ကျင်းပခဲ့တဲ့ သူတို့ရဲ့ ပွဲလေးဟာ လူငယ်ပရိသတ်တွေကြား အားကျစရာလည်း ဖြစ်ခဲ့ရပါတယ်။

ငယ်စဉ်တည်းက သူငယ်ချင်းတွေဖြစ်ကြတဲ့ သူတို့နှစ်ဦးဟာ ခရီးတွေလည်း အတူတူသွားခဲ့ဖူးတယ်လို့ ယွန်းဝတီလွင်မိုးက သူမရဲ့ instagram မှာ ရေးသားထားပါတယ်။ မကြာခင်မှာလည်း ခင်ပွန်းဖြစ်သူနဲ့ အတူ ခရီးတွေအတူသွားဖြစ်မယ့်အကြောင်းကိုလည်း ရေးသားထားကြပြီး ပရိသတ်တွေကတော့ သူတို့နှစ်ဦးရဲ့ Honey Moon ခရီးစဉ်နဲ့ပတ်သတ်ပြီး အလွန်စိတ်ဝင်စားနေကြတာကို တွေ့ရပါတယ်။ 

လတ်တလောမှာတော့ သူတို့နှစ်ဦးဟာ ပြည်တွင်းမှာသာ ရှိနေတယ်လို့ သိရပါတယ်။ ပရိသတ်တွေအနေနဲ့ကတော့ ယွန်းဝတီလွင်မိုးတစ်ယောက် အနာဂတ်မှာ အနုပညာအလုပ်တွေ ပြန်လည်လုပ်ကိုင်လာဖို့ ရှိသလားဆိုတာကို သိချင်နေကြပါတယ်။ ဒီမေးခွန်းနဲ့ ပတ်သတ်ပြီး ဦးလွင်မိုးကိုမေးကြည့်ရာမှာတော့ "ဒါကတော့ သူ့အပေါ်မှာပဲ မူတည်ပါတယ်" ဆိုပြီး အင်တာဗျူးတစ်ခုမှာ ဖြေဆိုသွားခဲ့ပါတယ် ပရိသတ်ကြီးရေ....

Source: Yunwlm

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။