မနက်ကယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ စပါးအသင်းဟာ အဲဗာတန်အသင်းကို ၄ ဂိုး ဂိုးမရှိရလဒ်နဲ့ အနိုင်ရယူခဲ့တာလည်းဖြစ်ပါတယ်။အဲဗာတန်အသင်းဟာ အသစ်ခေါ်ယူထားတဲ့ ကစားသမား တိုဆန် ကို ပွဲထွက်အသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။အသင်းနဲ့ အံဝင်ကွင်ကျ ဖြစ်ဖို့တော့ အချိန်ပေးရဖို့ရှိနေတာလည်းဖြစ်ပါတယ်။စပါးအသင်းကတော့ ရမှတ် ၄၄ မှတ်ရရှိထားကာ အဆင့် ငါးနေရာမှာ ရှိနေတာလည်းဖြစ်ပါတယ်။

စပါးအသင်းရဲ့ ပွဲထွက်လူစာရင်းမှာတော့ ဆွန်ယောင်မင်း၊ အလီ၊ ဟယ်ရီကိန်း၊ အဲရစ်ဆင်၊ ဒိုင်ယာ၊ ဒမ်ဘီလီ တို့ကို ထည့်သွင်းအသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။အဲဗာတန်အသင်းရဲ့ ပွဲထွက်လူစာရင်းမှာတော့ တိုဆန်၊ ဝိန်းရွန်နီ၊ ဆီဂတ်ဆန်၊ ဘိုလာဆီ၊ မက်ကာသီ၊ ဂွာရီ တို့ကို ထည့်သွင်းအသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။စပါးအသင်းရဲ့တိုက်စစ်ကို အဲဗာတန်အသင်း မထိန်းချူပ် နိုင်ခဲ့တာကြောင့် ဂိုးပြတ်ရှုံးနိမ့်ခဲ့ရတာလည်းဖြစ်ပါတယ်။

စပါးအသင်းအတွက် အဖွင့်ဂိုးကိုတော့ ဆွန်ယောင်မင်းက ၂၆ မိနစ်မှာသွင်းယူပေးခဲ့တာလည်းဖြစ်ပါတယ်။၄၇ မိနစ်မှာတော့ ဟယ်ရီကိန်းက စပါးအသင်းအတွက် ဒုတိယဂိုးကို သွင်းယူပေးနိုင်ခဲ့ပါတယ်။တးသုံးဂိုးမြောက်ဂိုးကို ဟယ်ရီကိန်းက ပဲ ၅၉ မိနစ်မှာ သွင်းယူပေးခဲ့တာဖြစ်ပါတယ်။နောက်ဆုံးဂိုးကိုတော့ ၈၁ မိနစ်မှာ အဲရစ်ဆင် ကသွင်းယူပေးခဲ့တာလည်းဖြစ်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။