စိတ်မကောင်းစရာဖြစ်ရပ်လေးဗျာ လွန်ခဲ့တဲ့ဇန်နဝါရီလ ၁၂ ရက်နေ့မှာ စစ်ကိုင်းမြို့ စာရေးလမ်းပေါ်က အမှိုက်ပုံတစ်ခုမှာ ချက်ကြိုးတန်းလန်းနဲ့ မွေးကင်းစကလေးငယ်လေးတစ်ဦးကို အမှိုက်အိပ်ထဲထည့်ပီး လာရောက်စွန့်ပစ်ထားတဲ့ ဖြစ်ရပ်လေးတခုဖြစ်ခဲ့ပါတယ်။ ကလေးငယ်လေးကိုတော့ စစ်ကိုင်းမြို့ မြရတနာရပ်ကွက်မှာနေထိုင်တဲ့ ဦးထွန်းထွန်းနှင့်ဇနီး ဒေါ်မိကြီးတို့ကစတင်တွေ့ရှိခဲ့တာဖြစ်ပါတယ်။ တွေ့ရှိခဲ့ချိန်မှာတော့ ကလေးငယ်လေးက အသက်မသေသေးပေမယ့် ဒဏ်ရာတွေများစွာရရှိနေခဲ့ပါတယ်။

ကလေးကိုတွေ့ရှိခဲ့တဲ့ ဦးထွန်းထွန်းတို့ကလဲ ပြင်ပဆေးခန်းမှာအရင်ကုသပေးခဲ့သော်လည်း ကလေးကမသက်သာတဲ့အတွက် ဇန်နဝါရီလ ၁၃ ရက်နေ့မနက်မှာတော့ ဆေးရုံတင်ကာကုသပေးခဲ့ပါတယ်။သို့သော်လည်း အလာကောင်းပေမယ့် အခါနှောင်းပီ လို့ပဲပြောရမလား ကလေးလေးကပစ်ချခံရတဲ့ အရှိန်ကြောင့် အစာအိမ်သွေးကြောတွေလဲပေါက်၊ အဆုပ်ရော အသဲပါကြွေနေတာကြောင့် ဆရာဝန်တွေလဲဘာမှမတတ်နိုင်ပဲ ကလေးငယ်လေးကဆုံးပါးသွားခဲ့ရပါတယ်။

အပြစ်မရှိတဲ့ကလေးလေးကို ပီနံအိတ်ထဲ အမှိုက်တွေနဲ့ရောထည့်ပြီး အမှိုက်ပုံဘေးကရေမြောင်းထဲ ပြစ်ချရလောက်တဲ့ထိတော့ မလုပ်သင့်ပါဘူးဗျာ။ကလေးကသေကံမပါသေးလို့ မြောင်းထဲမကျပဲ ဘေးနားမှာတင်နေတာကြောင့် တရက်ဆက်အသက်ရှင်ခဲ့ရပေမယ့်အခုတော့ လူမဆန်တဲ့မိဘတွေကြောင့် အသက်ပေးဆပ်လိုက်ရပါပြီ။ ကလေးငယ်လေးအတွက် တကယ်ကိုစိတ်မကောင်းဖြစ်မိရင်းနဲ့ ဒီသတင်းလေးကိုဝေမျှပေးလိုက်ပါတယ်။

source - Thein Oo

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။