အီရန်နိုင်ငံဟာသူရဲ့နူကလီးယားထုတ်လုပ်မှုဆိုင်ရာကိစ္စရပ်တွေကုဆိုင်းငံထားခဲ့တာကြာပါပြီ။အီရန်ရဲ့နူကလီးယားလျော့ချရေးသဘောတူညီမှုစာချုပ်ကို

ကမ္ဘာ့အင်အားကြီးနိုင်ငံငါးနိုင်ငံနဲ့သဘောတူတွေ့ဆုံပြီး

စာချုပ်ချုပ်ဆိုထားခဲ့တာပါ။အဆိုပါအင်အားကြီးငါးနိုင်ငံ

ထဲကနိုင်ငံတစ်နိုင်ငံဖြစ်တဲ့အမေရိကန်ဟာအဆိုပါစာချုပ်မှာ

ထပ်တိုးအချက်တွေဖြည့်စွက်လိုနေပါတယ်။တီဟီရန်ဟာ

အမေရိကန်ကိုစာချုပ်ဆိုတာလုပ်ချင်သလိုလုပ်လို့မရဘူးလို့

သတိပေးခဲ့ပါတယ်။

အမေရိကန်သမ္မတထရန့်ဟာနူးကလီးယားစာချုပ်မှာအီရန်ရဲ့

ပဲ့ထိန်းတပ်မစ်ဆိုင်းဒုံးကျည်တွေကိုထိန်းချုပ်ဖို့အခက်ကိုပါထည့်သွင်းလိုနေပါတယ်။အီရန်နိုင်ငံခြားရေးဝန်ကြီး

မိုဟာမက်ဂျာဗားဇာဟားရစ်ဇ်ကထရန့်ရဲ့လုပ်ရပ်ဟာ

အဓိပ္ပါယ်မရှိဘူးလို့ပြန်ပြောခဲ့ပါတယ်။ထရန့်ဟာအီရန်နဲ့

ချုပ်ဆိုထားတဲ့စာချုပ်မှာဒုံးကျည်ကိစ္စတွေသာမက

တခြားသောအချက်တွေကိုပါထပ်ဆောင်းထည့်ချင်နေပါတယ်။ထရန့်ဟာနိုင်ငံတကာကနူကလီးယားစစ်ဆေးသူတွေကိုအီရန်နိုင်ငံက

ချက်ချင်းခွင့်ပြုဖို့နဲ့နူကလီယားထုတ်လုပ်မှုကိုလုံးဝရပ်ဆိုင်းလိုက်ဖို့ဆန္ဒရှိနေတာပဲဖြစ်ပါတယ်။

တီဟီရန်ဟာထရန့်ရဲ့တောင်းဆိုချက်တွေကိုအလွယ်တကူ

လိုက်လျောမယ့်အခြေအနေမှာမရှိပါဘူး။ဒါ့အပြင်အီရန်မှာ

လက်ရှိဖြစ်ပွားနေတဲ့အဓိကရုန်းတွေဟာကန်ရဲ့သွေးထိုးလှံ ု ့ဆော်မှုတွေကြောင့်လို့တီဟီရန်ကယူဆနေပါတယ်။ထရန့်

ကတော့သူ့တောင်းဆိုချက်တွေကိုမလိုက်နာဘူးဆိုရင်

အီရန်နဲ့စာချုပ်ချုပ်ဆိုထားတဲ့နိုင်ငံငါးနိုင်ငံအဖွဲ့ကနေထွက်မယ်

လို့ခြိမ်းခြောက်ပါတယ်။အကျယ်အကျယ်မငြိမ်းဖွယ်တွေ

ုဖြစ်လာမယ့်အနေအထားအပါပဲ။

Source -AP

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။