ပရိသတ်တွေရဲ့အသဲကျော်လေး နှစ်ယောက်ကတော့ ဒီဇိုင်းကာလာဘာညာ အလန်းနဲ့ ပရိသတ် တွေရဲ့ နှလုံးသားထပ်မံ ဖမ်းစားလိုက်ပြန်ပါပြီး။ဒီနေ့မှာတော့ ပရိသတ်တွေ အမြဲတမ်း စောင့်မျှော် အချစ်ပိုနေတဲ့ ဘေဘီဆယ်လီလေးတွေရဲ့ ပုံအသစ်လေးတွေ ထပ်မံပေါ် ထွက်လာခဲ့ တာပဲဖြစ်ပါ တယ်။အရင်နဲ့မတူ တမူးထူးခြားတဲ့ ဒီဇိုင်းလေးတွေနဲ့ အရမ်းကို ချစ်ဖို့ကောင်းနေကြတာ ပဲဖြစ်ပါတယ်။ 

ဒီတစ်ခေါက်မှာတော့ မေမေချစ်သုဝေက ဘေဘီလေးခေတ်နဲ့သစ်ကို ထူးထူးခြားခြား တိုင်းရင်းသူ ဝတ်စုံလေးတွေဆင်မြန်းပေးလိုက်တာပဲဖြစ်ပါတယ်။ကချင်၊ကရင်၊ရှမ်းတိုင်းရင်းသူလေးတွေဖြစ်တဲ့ ခေတ်နဲ့သစ်ကတော့ အသဲယားစရာ ချစ်စရာဝတ်စုံလေးတွေနဲ့ ပြောမပြတက်လောက်အောင် ချစ်ဖို့ကောင်းနေတော့တာပဲဖြစ်ပါတယ်။မေမေချစ်သုဝေကလည်း သူမဘေဘီလေးတွေကို ချစ်လို့မ၀ နိုင်လောက်အောင်ကို အချစ်တွေတိုးနေတာပဲဖြစ်ပါတယ်။

သူမရဲ့လူမှုကွန်ယက်မှာလည်း "မေမေချစ်တဲ့ ချစ်ခေတ်ရယ် မေမေကြိုက်တဲ့ သည်းသစ်ရယ် မေမေ ချစ်မဝပါဘူးကွယ်"ဆိုတဲ့ စာသားလေးနဲ့ ချစ်စရာပုံရိပ်လေးတွေမျှေ၀ ထားတာပဲဖြစ်ပါတယ်။ချစ်ပရိသတ်တွေကလည်း သူတို့လေးတွေကို ချစ်မဝဖြစ်နေကြပြီး ပရိသတ်တွေရဲ့အချစ်ကို စံချိန်ချိုးလိုက်နိုင်တဲ့ ဘေဘီခေတ်နဲ့ဘေဘီသစ်ပဲဖြစ်ပါတယ်။ပြောတဲ့အတိုင်း ချစ်စရာကောင်းတာ ဟုတ်မဟုတ်ပရိသတ်တွေကိုယ်တိုင်သာကြည့်လိုက်ပါတော့နော်။ခေတ်နဲ့သစ်တိုင်းရင်းသူ လေးတွေရဲ့ချစ်စရာပုံရိပ်လေးတွေ ကိုမျှဝေပေးလိုက်ပါတယ်။

သတင်းအရင်းအမြစ် - ချစ်သုဝေ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။