၂၀၁၈ခုနှစ် ဇန်နဝါရီလ၁၂ ရက်နေ့မှာတော့ လူပြောက်မှုတစ်ခုဖြစ်ပွားခဲ့ပါတယ်။ပြောက်ဆုံးသွားသူကတော့ အုတ်တွင်းမြို့နယ် ဗောဒိကုန်းကျေးရွာ ( ၆၉) သစ်စက်အနောက်မှာရှိတဲ့ အုတ်လုပ်ငန်းလုပ်ကိုင်သူတွေနေထိုင်တဲ့ နေရာမှာနေထိုင်တဲ့ မသိန်းသိန်းထွေးဖြစ်ပါတယ်။ သူမရဲ့အသက်ကတော့ (၁၉) နှစ်ရှိပြီဖြစ်ပြီး ပြောက်ဆုံးသွားတဲ့အချိန်ကတော့ ၁၂ ရက်နေ့မနက်သုံးနာရီလောက်ထဲလို့သိရပါတယ်။

မသိန်းသိန်းထွေးရဲ့မိဘတွေအနေနဲ့လဲ သူမပြောက်ဆုံးနေတာကိုသိတာနဲ့တပြိုင်နက် ရဲစခန်းမှာလူပြောက်တိုင်ပြီး လိုက်လာရှာဖွေခဲ့ပါတယ်။ယမန်နေ့ ဇန်နဝါရီလ ၁၄ ရက်နေ့ ညနေ ၄ နာရီနဲ့မိနစ် ၂၀ လောက်မှာတော့ သူမကိုပြန်တွေ့ခဲ့ပါတယ်။ သို့သော်လည်းအဖြစ်အပျက်က ကြေကွဲစရာကောင်းလှပါတယ်။သူမရဲ့မိဘတွေပြန်တွေ့ခဲ့တာက သူမရဲ့အသက်မရှိတော့တဲ့ ခန္ဓာကိုယ်ပဲဖြစ်ပါတယ်။

သူမရဲ့ရုပ်အလောင်းကိုပြန်လည်တွေ့ရှိခဲ့တဲ့နေရာကတော့ သူမနေထိုင်တဲ့ ၆၉ သစ်စက် အနောက်ပိုင်းမှာရှိတဲ့ ချောင်းစပ်မှာပဲဖြစ်ပါတယ်။ သူမရဲ့ရုပ်အလောင်းကိုတော့ အုတ်တွင်းဆေးရုံ ရင်ခွဲရုံသို့ပို့ဆောင်ခဲ့တယ်လို့သိရပာတယ်။ ပြောက်ဆုံးသွားတဲ့အချိန်နဲ့ ပြန်လည်တွေ့ရှိပုံတွေက စဉ်းစားစရာကောင်းလှပါတယ်။ သူမရဲ့ဝဠ်ကျွေးတွေပဲလား ဒါမှမဟုတ် ဘာအကြောင်းကြောင့်ဒီလိုအဖြစ်ဆိုးနဲ့ ကြုံတွေ့ရတာလဲဆိုတာကတော့ မေးခွန်းထုတ်စရာတွေများစွာရှိနေပါတယ်။

source - အရှင်တေဇ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။