မြန်မာနေရှင်နယ်လိဂ်ပွဲစဉ်သုံးပွဲကစားပြီးချိန်မှာထူးခြား

မှုတစ်ခုကသုံးပွဲလုံးဂိုးမရှိသရေကျခဲ့တာပါပဲ။ဟံသာဝတီနဲ့

ရန်ကုန်ပွဲဟာလေးပွဲမြောက်ပွဲဖြစ်ပြီးဒီပွဲမှာမှဂိုးစသွင်းခဲ့ကြတာပါ။မြန်မာနေရှင်နယ်လိဂ်ရဲ့ပထမဆုံးဂိုးကိုစတင်သွင်းယူခဲ့

တာကဂျပန်ကွင်းလယ်လူကိုဆုကီပါ။ကိုဆုကီဟာချာရတီဒိုင်း

မှာမှာခြေစွမ်းမပြနိုင်လို့ဝေဖန်ခံနေရမှုကိုမြန်မာနေရှင်နယ်လိဂ်

ပထမဆုံးဂိုးနဲ့အတူချေဖျက်ပြခဲ့ပါတယ်။

ဟံသာဝတီရဲ့အိမ်ကွင်းဂရင်းရွိုင်ရယ်စတေဒီယမ်မှာကစားတဲ့

ဒီပွဲဟာပရိသတ်တွေမျှော်လင့်ထားသလိုပွဲကောင်းတစ်ပွဲ

ဖြစ်ခဲ့ပါတယ်။ဂရင်းရွိုင်ရယ်စတေဒီယမ်မှာဟံသာဝတီ

ရလဒ်ကောင်းတွေမရသေးတာမနှစ်ကဘောလုံးရာသီကတည်းကပါ။ရန်ကုန်အသင်းဟာအဝေးကွင်းလာကစားရပေမယ့်

ကစားသမားအစုံနဲ့ပဲခူးကိုချီတက်လာခဲ့တာပါ။ဒီပွဲမှာထူးခြားမှု

တစ်ခုကဟံသာဝတီကပြောင်းသွားတဲ့နာမည်ကျော်တောင်ပံ

ကစားသမားမောင်မောင်လွင်ရန်ကုန်အသင်းဘက်ကဝင်ကစားခဲ့တာပါပဲ။

ရန်ကုန်အသင်းရဲ့ပထမသွင်းဂိုးကိုလည်းမောင်မောင်လွင်ဖမ်တီးပေးခဲ့တာဖြစ်ပြီးမောင်မောင်လွင်ရဲ့ပေးပို့မှုကတဆင့်

ကိုဆုကီကသွင်းယူပေးခဲ့တာပါ။ဒုတိယဂိုးကိုတော့ရန်ကုန်အသင်းမှာချာရတီဒိုင်းကတည်းက

ခြေစွမ်းပြလာတဲ့ဆယ်လာကသွင်းယူပေးခဲ့တာပါ။အိမ်ရှင်

ဟံသာဝတီအတွက်နှစ်သိမ့်ချေပဂိုးကိုတော့နောက်ခံလူ

မိုက်ကယ်ကသွင်းယူပေးခဲ့ပြီးပွဲအပြီးမှာရန်ကုန်ကနှစ်ဂိုး၊

ဟံသာဝတီကတစ်ဂိုးနဲ့ပွဲပြီးဆုံးသွားခဲ့ပါတယ်။ရန်ကုန်

အသင်းကတော့ရာသီအဖွင့်ပွဲလှပသွားခဲ့တယ်လို့ပဲဆိုရမှာပါ။

Source-MNL

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။