၂၁ ရာစုပင်လုံတတိယအစည်းအဝေးကို ဇန်နဝါရီလကုန်ပိုင်းတွင် ကျင်းပရန် အစိုးရ၊ တပ်မတော်နှင့် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် (NCA)လက်မှတ်ထိုးအဖွဲ့များမှ ထိပ်သီးခေါင်းဆောင် များ တက်ရောက်သည့် NCA အကောင်အထည်ဖော်မှုဆိုင်ရာညှိနှိုင်း အစည်းအဝေးက ဆုံးဖြတ်ထားသော်လည်း အမျိုးသားအဆင့်နိုင်ငံရေး ဆွေးနွေးပွဲများ အဆင်ပြေစွာကျင်းပခွင့်မရဘဲ တားဆီးခံရ၍ ညီလာခံ ရက်ရွှေ့ဆိုင်းရမည့် အခြေအနေဖြစ်လာကြောင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်ဆောင်ရွက်နေသူများက ပြောကြားခဲ့ပါတယ်။ ‘‘လုပ်ဖို့ခက်မယ်ထင်တယ်။ အခြေအနေအရပ်ရပ်ကြောင့် ပေါ့’’ ဟု ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်(SNLD)ပြော ရေးဆိုခွင့်ရှိသူ စိုင်းကျော်ညွန့်က ပြောသည်။ 

စိုင်းကျော်ညွန့်သည် အစိုးရ၊ နိုင်ငံရေးပါတီ၊ တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့များမှ ကိုယ်စားလှယ်များဖြင့် စုဖွဲ့ထား သော ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှုပူးတွဲကော်မတီ (UPDJC)အတွင်းရေးမှူးလည်း ဖြစ်ပါတယ်။ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံကျင်းပချိန်ရောက်မှသာ အဖြေရရှိရေးဆွေးနွေးမည်ဆို ခြင်းထက် ညီလာခံမတိုင်မီအမျိုး သားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပခြင်း၊ UPDJC ၏ နိုင်ငံရေး စီးပွားရေး၊ လူမှုရေး၊ လုံခြုံရေး၊ မြေယာနှင့်သဘာဝပတ်ဝန်းကျင် ဆိုင်ရာမူဝါဒများစသည့် ကဏ္ဍအသီးသီး ၏ လုပ်ငန်းကော်မတီ များဆွေးနွေးညှိနှိုင်းပြီး ညီလာခံ ရလဒ်သဘောတူညီချက်ရရေး ကြိုးပမ်းခြင်း၊ UPDJC အတွင်း ရေးမှူးအဖွဲ့အစည်းအဝေးနှင့် UPDJC အစည်းအဝေးတို့ကျင်းပ ခြင်းစသည့် လုပ်ငန်းစဉ်အဆင့် ဆင့်ရှိ၍ အချိန်ကျပ်တည်းမှုရှိ ကြောင်း UPDJC ကိုယ်စားလှယ် များက ပြောပြခဲ့ပါတယ်။

NCA လုပ်ငန်းစဉ်အရ ဆောင်ရွက်ရမည့် အမျိုးသားအ ဆင့်နိုင်ငံရေးဆွေးနွေးပွဲများနှင့် လူထုတွေ့ဆုံပွဲများ ကန့်သတ် ပိတ်ပင်ခံရခြင်းများနှင့် ပတ်သက် ၍ အစိုးရ၊ တပ်မတော်တာဝန်ရှိသူ များနှင့် ဆွေးနွေးညှိနှိုင်းအဖြေရှာ ပြီးမှသာ ပြည်ထောင်စုငြိမ်းချမ်း ရေးညီလာခံကို ဆက်လက်ကျင်းပ ရန်ဆုံးဖြတ်ကြောင်း NCA လက်မှတ်ထိုးရှစ်ဖွဲ့၏ ထိပ်သီး ခေါင်းဆောင်များ အစည်းအဝေး က ဇန်နဝါရီ ၁၂ ရက်တွင် ကြေ ညာခဲ့ပါတယ်။ ‘‘တိုင်းရင်းသားဘက်က တော့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရှေ့ဆက်နိုင်ဖို့အတွက် တစ်ဆို့နေ တဲ့အချက်တွေကို ကျော်လွှားသွား ဖို့တော့ နည်းလမ်းရှာမှာပေါ့။ ရှစ်ဖွဲ့ ထဲက အမျိုးသားအဆင့်နိုင်ငံ ရေးဆွေးနွေးပွဲကျင်းပလို့ လျှော လျှောရှူရှူမဖြစ်တဲ့ကိစ္စ၊ မကျင်း ပနိုင်တဲ့ အဖွဲ့အဲဒီလိုဖြစ်တဲ့အပေါ် မှာ နည်းလမ်းရှာသွားမှာပေါ့။ အလွတ်သဘောတွေ့ဆုံဆွေးနွေးမှု တွေကို ဆောင်ရွက်နိုင်ဖို့အတွက် နောက်ပြီးတော့ လာမည့်ပြည် ထောင်စုငြိမ်းချမ်းရေးညီလာခံကို အောင်အောင်မြင်မြင်ကျင်းပနိုင် ဖို့ လိုအပ်တဲ့ဆောင်ရွက်မှုတွေကို တော့ ဆောင်ရွက်သွားမှာပေါ့’’ ဟု ကရင်အမျိုးသားအစည်းအရုံး (KNU)ဒုဥက္ကဋ္ဌပဒိုစောကွယ်ထူးဝင်းက ပြောကြားခဲ့ပါတယ်။

ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ-၂၁ရာစုပင်လုံအစည်း အဝေးမတိုင်မီဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များမပြီးစီးပါက UPDJC အစည်းအဝေးခေါ်ယူပြီး ညီလာခံရက်သတ်မှတ်ရေးကို ဆောင်ရွက်ရမည်ဟု ၎င်းကပြောကြားခဲ့ပါတယ်။ လက်ရှိတွင် NCA လက်မှတ်ထိုးရှစ်ဖွဲ့က အစိုးရ၊ တပ်မတော် ခေါင်းဆောင်များနှင့် အလွတ်သ ဘောတွေ့ဆုံနိုင်ရေး ကြိုးစားနေ သည့်အဆင့်သာရှိသေးပြီး တွေ့ ဆုံမည့်ရက်မသတ်မှတ်နိုင်သေးကြောင်း သိရပါတယ်။ ‘‘အခု OK တယ်လို့ပြောရင် တောင် နောက်တစ်လလောက် အချိန်ယူရမယ်။ ဒီနေ့ပဲ ၁၄ ရက် ဖြစ်နေပြီ။ ရွှေ့မယ်ဆို JICM မဟုတ်ဘူးဆိုရင်တောင် UPDJC မှာ ရက်ကိုပြန်သတ်မှတ်ရမယ်’’ ဟု UPDJC ကိုယ်စားလှယ်တစ်ဦး က ညီလာခံကျင်းပနိုင်မည့်အခြေ အနေနှင့်ပတ်သက်၍ ပြောပြခဲ့ပါတယ်။၂၁ ရာစုပင်လုံတတိယအ စည်းအဝေးရွှေ့ဆိုင်းခြင်း၊ မရွှေ့ ဆိုင်းခြင်းကို နှစ်ဖက်အကြားပြန် လည်ညှိနှိုင်းရမည်ဟု ငြိမ်းချမ်း ရေးကော်မရှင်အဖွဲ့ဝင်ဦးအောင် စိုးက ပြောကြားခဲ့ပါတယ်။ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံကျင်းပရန်ရက်သတ်မှတ် ခြင်း၊ ရွှေ့ဆိုင်းခြင်းတို့ကို UPDJC အစည်းအဝေးက ဆောင်ရွက်ရ မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

Source - 7 day

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။