ထိုင်းပရီးမီးယားလိဂ်ကလပ်တယ်ရိုအသင်းမှာကစားနေတဲ့

မြန်မာတိုက်စစ်မှူးအောင်သူဟာသူ့ကိုအားပေးကြတဲ့

ထိုင်းနိုင်ငံရောက်မြန်မာပရိသတ်တွေကိုကျေးဇူးအရမ်းတင်တယ်လို့ပြောကြားခဲ့ပါတယ်။အောင်သူဟာPolice Tero

အသင်းရဲ့လူငယ်အကယ်ဒမီဖွင့်ပွဲမှာသူ့ကိုလာအားပေးတဲ့

ပရိသတ်တွေကိုခုလိုကျေးဇူးတင်စကားပြောခဲ့တာပဲ

ဖြစ်ပါတယ်။အောင်သူဟာတယ်ရိုအသင်းရဲ့

ဘောလုံးအကယ်ဒမီဖွင့်ပွဲမှာလူငယ်ဘောလုံးသမားလေးတွေကိုဘောလုံးပညာသင်ကြားပေးခဲ့ပါတယ်။

"အခုလိုမျိုးလူငယ်ဘောလုံးသမားလေးတွေကို သင်ကြား

ပေးခွင့်ရတဲ့အတွက်ဝမ်းသာပါတယ်။ အခုသင်ကြားပေးခဲ့တဲ့

ကစားသမားတွေထဲမှာ အလားအလာရှိတဲ့ကစားသမားတွေ

အများကြီးပါပါတယ်။ ကျနော့်ကိုအားပေးနေတဲ့ မြန်မာနိုင်ငံကပရိသတ်တွေရော Police Teroအသင်းပရိသတ်တွေကိုပါ

ကျေးဇူးတင်ပါတယ်။ ထိုင်းနိုင်ငံမှာ မြန်မာပရိသတ်တွေ

အများကြီးရှိတာ ကျနော့်အတွက်အရမ်းကောင်းပါတယ်။

သူတို့တွေရှိနေတဲ့အတွက် ကျနော့်ကို အားတစ်ခုဖြစ်စေပါ

တယ်။ ကျနော် အစွမ်းရှိသလောက် Police Teroအသင်းအတွက် အကောင်းဆုံးကြိုးစားပြီးပေးဆပ်သွားမှာပါ"ဟု

အောင်သူကပြောကြားခဲ့ပါတယ်။

အောင်သူဟာပရိသတ်တွေအားပေးရကျိုးနပ်လောက်အောင်

လည်းခြေစွမ်းတွေပြသနေပါတယ်။ဘန်ကောက်FCအသင်းနဲ့

ခြေစမ်းခဲ့တဲ့ခြေစမ်းပွဲမှာခြေစွမ်းပြပြီးဂိုးနှစ်ဂိုးသွင်းယူပေး

ခဲ့ပါတယ်။အောင်သူရဲ့ခြေစွမ်းအပါ်ပရိသတ်တွေသာမက

တယ်ရိုတာဝန်ရှိသူတွေကပါကြိုက်နှစ်သက်နေတာကြောင့်

အောင်သူဟာတယ်ရိုအသင်းရဲ့အမြဲတမ်းline-upကစား

သမားတစ်ယောက်ဖြစ်လာနိုင်ဖို့များနေပါတယ်။ကြိုးစားပါ

အောင်သူပရိသတ်ကကြိုးစားတဲ့သူကိုအားပေးနေကြမှာ

အမှန်ပါ။

Source-TERO

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။