ချစ်စရာကောင်းပြီး အသံချိုချိုအေးအေးလေးပိုင်ဆိုင်ထားတဲ့ အဆိုတော် ဆလီနာဂိုးမက်ဇ် ဟာ ဖက်ရှင်ပိုင်းမှာလည်း စံနမူနာယူဖွယ်အလှပဂေးတစ်ဦးဖြစ်ပါတယ်။

ကမ္ဘာတစ်လွှားက ပရိသတ်တွေရဲ့ အားပေးမှုများစွာရရှိနေတဲ့ ဆလီနာဟာ ပွဲတက် ၊ ပါတီပွဲတွေနဲ့ ထသွားထလာ လှုပ်ရှားတဲ့အခါမှာ အတွင်းခံမဝတ်ပဲ သွားတဲ့ အခိုက်တန့်မျိုးတွေလည်း ရှိပါတယ်။

မြန်မာလူမျိုးအနေနဲ့ဆိုရင်တော့ ထူးဆန်းနေမှာဖြစ်ပေမယ့် သူတို့နိုင်ငံရဲ့ ယဉ်ကျေးမှုဓလေ့စရိုက်အရဆိုရင်တော့ဒီလိုမျိုးဝတ်စားသွားလာနေတာဟာ သိပ်ပြီး အထူးအဆန်းကြီးတော့မဟုတ်လှပါဘူး။

ချစ်သူဖြစ်တဲ့ ဂျက်စတင်ဘီဘာကြွေနေတဲ့ ဆလီနာရဲ့ ဘရာ မဝတ်မထားတဲ့ ပုံတွေကို ပါပါရာဇီတွေက အမိအရ ရိုက်ယူထားပြီး ဆိုရှယ်မီဒီယာတွေမှာတော့ ပျံ့နှံ့နေတာပါ။

ဆလီနာဟာ သူ့ရဲ့ နေရာဒေသအလိုက် ဖက်ရှင်ကိုလိုက်ဖက်ညီစွာ ၀တ်ဆင်လေ့ရှိပြီး ဖက်ရှင်ကျတဲ့ ဆယ်လီတစ်ဦးဖြစ်ပါတယ်။

အသက်(၂၅)နှစ်အရွယ် ဆလီနာ ဂိုးမက်ဇ် ဟာ သူငယ်ချင်းဖြစ်သူရဲ့ ကျောက်ကပ်တစ်ခြမ်းနဲ့ အသက်ဆက်ရှင်နေသူဖြစ်ပြီး လက်တလောမှာတော့ ပုံမှန်အတိုင်းပဲ ရှိုးပွဲတွေဆက်တိုက်ဆိုနေပါတယ်။

အားလပ်ချိန်တွေမှာလည်း ဘီဘာနဲ့ ဒိတ်လုပ်လေ့ရှိပြီး တစ်နေ့တာကိုအချိန်ကုန်လေ့ရှိပါတယ်။

ပရိသတ်ကြီးရော ဆလီနာရဲ့  ရိုးရှင်းစွာလှနေတဲ့ ပုံလေးတွေကို သဘောကျရဲ့လား။ 

Photos - Pintrest 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။