မနက်ကယှဉ်ပြိုင်ကစားခဲ့တဲ့ လာလီဂါပွဲစဉ်မှာ ဘာစီလိုနာအသင်းဟာ အဝေးကွင်းမှာ ဆိုစီဒက် အသင်းကို ၄ ဂိုး ၂ ဂိုး နဲ့ အနိုင်ရရှိခဲ့တာလည်းဖြစ်ပါတယ်။ဆိုစီဒက်အသင်းက နှစ်ဂိုးအသာနဲ့ ဦးဆောင်နေခဲ့ပေမဲ့ ဘာစီလိုနာအသင်းက ဒုတိယပိုင်းသွင်းဂိုးတွေနဲ့ အနိုင်ရယူခဲ့တာလည်းဖြစ်ပါတယ်။ဘာစီလိုနာအသင်းဟာ ရှုံးပွဲမရှိကစားထားပြီး ရမှတ် ၅၁ မှတ်ရယူထားကာ ဇယားထိပ်ဆုံးမှာ ဦးဆောင်နေတာလည်းဖြစ်ပါတယ်။အဆင့် ၂ နေရာက အက်သလက်တီကိုအသင်းကို ၉ မှတ်ဖြတ်ထားနိုင်ခဲ့ပြီး ပြိုင်ဘက်ရီးရဲလ်မက်ဒရစ်အသင်းကိုတော့ ၁၉ မှတ် ဖြတ်ထားနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

ဆိုစီဒက် အသင်းရဲ့ပွဲထွက်လူစာရင်းမှာတော့ ဒါဆေဗာလ်း၊ ပရီတို၊ ဂျူအမ်မီ၊ ဇူယူတူဇာ ၊ အီလာရာမန်ဒီ ၊ ကာနာလက် တို့ကို ထည့်သွင်းအသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။ဘာစီလိုနာအသင်းရဲ့ ပွဲထွက်လူစာရင်းမှာတော့ ဆွာရက်၊ မက်ဆီ၊ အန်ဒရီဂိုးမက်၊ ဘက်စကွက်၊ ရာကီတစ်၊ ပေါ်လင်ဟို တို့ကို ထည့်သွင်းအသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။ဆိုစီဒက်အသင်းဟာ ဘာစီလိုနာအသင်းကို အကောင်းဆုံးတုံ့ပြန်ကစားနိုင်ခဲ့ပေမဲ့ ဒုတိယပိုင်းသွင်းဂိုးတွေကို မထိန်းနိုင်ခဲ့တာကြောင့် ရှုံးနိမ့်ခဲ့ရတာလည်းဖြစ်ပါတယ်။

ဆိုစီဒက် အသင်းရဲ့ အဖွင့်ဂိုးကိုတော့ ၁၁ မိနစ်မှာ ဒါဆေးဗာလ်း ကသွင်းယူပေးခဲ့တာလည်းဖြစ်ပါတယ်။၃၄ မိနစ်မှာတော့ ဂျူအမ်မီ က ဆိုစီဒက် အသင်းအတွက် ဒုတိယဂိုးသွင်းယူပေးနိုင်ခဲ့ပါတယ်။၃၉ မိနစ်မှာတော့ ပေါ်လင်ဟို ကဘာစီလိုနာအသင်းအတွက် ချေပဂိုး စတင်သွင်းယူပေးနိုင်ခဲ့ပါတယ်။မိနစ် ၅၀ မှာ ဆွာရက်စ် က ဒုတိယချေပဂိုးထပ်မံသွင်းယူပေးနိုင်ခဲ့ပါတယ်။ဘာစီလိုနာအသင်းအတွက် ဦးဆောင်ဂိုးကိုတော့ ဆွာရက်ကပဲ ၇၁ မိနစ် မှာ သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ဘာစီလိုနာအသင်းအတွက် အနိုင်သေချာစေမဲ့ဂိုးကိုတော့ မက်ဆီက ၈၅ မိနစ်မှာ ဖရီးကစ်ကနေသွင်းယူပေးခဲ့တာဖြစ်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။