ဇန်နဝါရီ ၁၄ ရက်နေ့ နောင်ချိုမြို့နယ်အတွင်း ကားလမ်းတစ်နေရာမှာ မိုင်းတစ်လုံးပေါက်ကွဲခဲ့ပြီး ခရီးသည်တင် ကား တစ်စီး မိုင်းထိမှန်ခဲ့တယ်လို့ သိရပါတယ်။ဖြစ်စဉ်မှာ ရှမ်းမြောက် ၊ လားရှိုးကနေ မန္တလေး- မိုးမိတ်- မဘိမ်း ကို ပြေးဆွဲ နေတဲ့ စိန်နန်းစိုးမော်တော်ယာဉ်လိုင်းက ခရီးသည်တင်ကားတစ်စီးဟာ နောင်ချိုမြို့နယ် ဟိုခိုကျေး ရွာနဲ့ ဒိုးပင် ကျေး ရွာအကြား တောလမ်းတစ်နေရာအရောက်မှာ လမ်းဘေးက မိုင်းတစ်လုံးပေါက်ကွဲပြီး ကားကို ထိမှန်ခဲ့ တာဖြစ် ပါတယ်။ မိုင်းထိမှန်မှုကြောင့် ယာဉ်ပေါ်လိုက်ပါလာတဲ့ ကျောင်းဆရာမ ၂ ဦးနဲ့ အရပ်သားအမျိုး သမီးတို့ ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ နောင်ချိုမြို့နယ်ရဲတပ်ဖွဲ့ မှူးရုံးကနေသိရပါတယ်။

မော်တော်ယာဉ်ပေါ်မှာ ခရီးသည် စုစုပေါင်း ၈ ဦး စီးနင်းလိုက်ပါလာတာဖြစ်ပြီး ဒဏ်ရာရရှိတဲ့ ၃ ဦးအထဲမှာ တစ်ဦးကတော့ လက်မှာဒဏ်ရာအနည်းငယ်ပြင်းထန်ခဲ့ တယ်လို့သိရပါတယ်။၎င်း ဒဏ်ရာရရှိတဲ့သူတွေကို မိုးကုတ်ဆေးရုံကြီးမှာ ခွဲစိတ်ကုသခဲ့တယ်လို့ စိန်နန်းစိုးအဆင့်မြင့်ယာဉ်ငယ်အသင်းက သူတို့ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ သတင်းထုတ်ပြန်ထားတာပဲဖြစ်ပါတယ်။ ဒဏ်ရာရရှိတဲ့ ၃ ဦးအထဲက ကျောင်းဆရာမ ၂ ဦးဟာ နောင်ချိုမြို့နယ် အတွင်းကျေးရွာတွေမှာ တာဝန်ထမ်းဆောင်နေတဲ့ ကျောင်းဆရာမ တွေဖြစ်တယ်လို့ လည်းသိ ရပါတယ်။

အဆိုပါ မိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့တဲ့ ဇန်နဝါရီ ၁၄ ရက်နေ့ တစ်ရက်တည်းမှာတင် အချိန်အားဖြင့် မနက် ၁၀ နာရီဝန်းကျင်လောက်ကလည်း ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ် ၁၀၅ မိုင် ဝင်းအတွင်း ရပ်နားထားတဲ့ ကုန်တင်ကားတစ်စီးအောက်မှာ ကျွတ်ကျွတ်အိတ်နဲ့ချိတ်ဆွဲထားတဲ့ ရီမုမိုင်း တစ်လုံးတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။ အဆိုပါ မိုင်းကိုတော့ သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့ကို အကြောင်း ကြားပြီး နောက်မှာတော့ လာရောက်စစ်ဆေးခဲ့ပြီး တပ်က သက်မဲ့ပြုလုပ်ပြီး သိမ်းဆည်းသွား တယ်လို့ သိရပါတယ်။ လက်ရှိမှာတော့ ရှမ်းမြောက်ဧရိယာမှာ တပ်မတော် နဲ့ SSPP ၊ TNLA တို့အကြား တိုက်ပွဲဖြစ်ပွား မှုတွေရှိနေပါတယ်။ 

သတင်းအရင်းအမြစ် -စိန်နန်းစိုးအဆင့်မြင့်ယာဉ်ငယ်အသင်း(PN)

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။