မြန်မာပြည်ရဲ့ နာမည်ကြီး အဆိုတော်တစ်ဦးဖြစ်သလို ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို ရရှိထားသူတွေထဲမှာ အဆိုတော် ဘန်နီဖြိုး တစ်ယောက်လည်း အပါအဝင်ဖြစ်ပါတယ်။ မိန်းကလေးပရိသတ်တွေရဲ့ အထူးအားပေးခြင်းကို ခံရတဲ့ ဘန်နီဖြိုးရဲ့ အချစ်ရေးဟာ ပရိသတ်တွေကြား စိတ်ဝင်စားစရာလည်း ဖြစ်ပါတယ်။

လတ်တလောမှာတော့ ဘန်နီဖြိုးဟာ သူ့ရဲ့လူမှုစာမျက်နှာမှာ status တစ်ကြောင်း တင်ထားတာတွေ့ရပါတယ်။ ဒီ status လေးနဲ့ပတ်သတ်ပြီး သူ့ရဲ့ ပရိသတ်တွေက အထူးတလည်စိတ်ဝင်စားနေကြတာ တွေ့ရပါတယ်။ သူတင်ထားတဲ့ စာသားလေးကတော့ "ညညဆို သန်းခေါင်ယံကျော်နေရင်လည်း ... မင်း active မြင်ရင်ငါမအိပ်ပဲ ...

ငုတ်တုတ်မေ့လို့ ကျေနပ်နေ ...

#အချစ်ရောဂါ #ကိုယ့်ရဲ့ဒေါက်တာမလေး #BunnyPhyoe #Lucky” ဆိုပြီး ရေးသားတင်ထားတာ ဖြစ်ပါတယ်။

အချို့ပရိသတ်ကတော့ ဒါဟာ ဘန်နီ့ရဲ့ အသစ်ထွက်လာမည့် သီချင်းဖြစ်နိုင်တယ်ဆိုပြီး comment ရေးသားထားကြတာ တွေ့ရပါတယ်။ တလောကလည်း ဘန်နီဟာ သူ့ရဲ့ "လိုသုံး" သီချင်းနဲ့ ပတ်သတ်ပြီး mtv မထွက်ခင် ရွှေမှုန်ရတီနဲ့အတူ ပုံတွဲတင်ပြီး "လိုသုံး" လို့ ရေးထားခဲ့ပါတယ်။ ထိုအချိန်တုန်းကလည်း ဒီကိစ္စက ပရိသတ်တွေကြား

နာမည်ကြီးခဲ့တာမို့ ယခုတစ်ခါလည်း သူဘာတွေလုပ်ပြတော့မလည်းဆိုတာကို ပရိသတ်တွေက စိတ်ဝင်စားနေကြပါတယ်။ 

Source: Bunny Phyoe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။