ပရိတ်သတ်ကြီးရေ အခုတလောမှာ ငလျင်တွေဆက်တိုက်လှုပ်ခတ်နေတာကိုကြည့်ခြင်းအားဖြင့် အိပ်ပျော်နေတဲ့ စစ်ကိုင်းပြတ်ရွေ့ကြီး နိုးထလာပြီလားဆိုပြီး လူတချို့ကစိုးရိမ်စိတ်တွေဖြစ်ပေါ်နေပါတယ်။ အခုလှုပ်ခတ်နေတဲ့ ငလျင်တွေဟာ လူသားတွေကြောင့်မဟုတ်ဘဲ သဘာဝငလျင်တွေဖြစ်နေတာတွေကို ပြန်ကြည့်မယ်ဆိုလို့ရှိရင် ုကမ္ဘာ့တိုက်ကြီးတွေဟာ ရွေ့လျားနေကြတဲ့ plate လို့ခေါ်တဲ့ကျောက်လွှာထုကြီးတွေနဲ့ ဖွဲ့စည်းထားတာဖြစ်ပြီး ထိုကျောက်လွှာကြီးတွေကို ထိဆက်ပေးထားတဲ့ join နေရာတွေကတော့ fault လို့ခေါ်တဲ့ ပြတ်ရွှေ့ကြီးတွေ ဖြစ်ပေါ်လာပါတယ်။ဒီ fault တွေ ပုံမှန်ရွေ့လျှားနေရာကနေ ရပ်ဆိုင်းခဲ့တာပဲဖြစ်ဖြစ် ပုံမှန်မရွေ့လျှားတော့တဲ့ အခါမျိုးတွေ ဖြစ်ဖြစ်ဖြစ်ပြီဆိုရင် တစ်ကြိမ်မှာ ပြင်းထန်စွာ ကျောက်လွှာ အံချော်ပြီး slip ဖြစ်ကြပါတယ်။အဲ့အချိန်တွေမျာဆိုရင်တော့ ပြင်းထန်တဲ့ ငလျင်ကြီးတွေဖြစ်ပေါ်လာကြပါတယ်။

မြန်မာနိုင်ငံဟာ india plate နဲ့ Eurasian plate နှစ်ခုတေ့ဆက်ထားတဲ့နေရာပေါ်မှာ တည်ရှိနေတဲ့အတွက် ဒီကျောက်လွှာထု plate ကြီးနှစ်ခုတေ့ဆက်ထားခြင်းကြောင့် စစ်ကိုင်း fault လို့ခေါ်တဲ့ ပြတ်ရွှေ့ကြီး ဖြစ်ပေါ်လာတာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ တခြားသောပြတ်ရွှေ့တွေလဲ များစွာရှိပေမယ့် စစ်ကိုင်းပြတ်ရွှေ့ကြီးကတော့ မြန်မာမှာသာမက ကမ္ဘာမှာပါ ထင်ရှားလှတဲ့ပြတ်ရွှေ့ကြီးဖြစ်ပါတယ်။ ၁၉၆၀ ခုနှစ်လောက်က ပညာရှင်တွေ စတင်လေ့လာခဲ့ရာမှာ သာမန်ပြတ်ရွှေ့ လေးသာဖြစ်တယ်လို့ထင်မြင်ထားပေမယ့် ၁၉၆၉ လောက်မှာ အမေရိကန်ကနေဘူမိဗေဒနဲ့ ဒေါက်တာဘွဲ့ ရယူလာတဲ့ ဒေါက်တာ ဦးဝင်းဆွေက သေချာသုတေသနပြုပြီး ဆန်းဆစ်ပြီးတဲ့နောက်မှာတော့ စစ်ကိုင်းပြတ်ရွှေ့ဟာ ကီလိုမီတာ ၁၀၀၀ ကျော်ရှည်လျားပြီး မြန်မာနိုင်ကို တောင်နှင့်မြောက် လားရာအတိုင်းအလယ်ကပိုင်းခြား ထားတဲ့ ကြီးမားတဲ့ ပြတ်ရွှေ့ ကြီးဖြစ်ပြီး တနှစ်ပျမ်းမျှ ၁၈.၅ မီလီမီတာ ရွေ့လျှားနေတဲ့ ကြောက်စရာသက်ရှိပြတ်ရွှေ့ ကြီးဖြစ်နေတာသိရှိခဲ့ရပါတယ်။

India pate နဲ့ eurasian plate ကတော့ တေ့ဆက်ထားရာမှာပုံမှန်မဟုတ်ပဲ တခုကတောင်ဘက်ကိုရွေ့ တခုကမြောက်ဘက်ကို ရွေ့ တဲ့အခါမှာတော့ ကျောက်လွှာအံချော်မှု slip ဖြစ်ပေါ်ပြီး မြန်မာနိုင်ငံထဲမှာ ငလျင်ကြီးတွေဖြစ်ပေါ်လာစေပါတယ်။ အံချော်မှုကြီးရင်ကြီးသလို ၊ဖြစ်ပွားတဲ့ မြေတွင်းအနက်က တိမ်ရင်တိမ်သလို ငလျင်တွေ ပိုပြင်းထန်ကြပါတယ်။ စစ်ကိုင်းပြတ်ရွှေ့ ကြီးကတော့ နှစ်၈၀ ကနေ ၁၀၀ ကြားပြည့်တိုင်းမှာ ပြင်းထန်တဲ့ slip ဖြစ်မှုတွေနဲ့အတူ ငလျင်ကြီးတွေ ဖြစ်ပေါ်လာပါတယ်။ အထောက်အထားတွေအရဆိုရင် ၁၈၃၀ မှာ စစ်ကိုင်းပြတ်ရွှေ့ ကြောင့် ပဲခူးမှာငလျင်အကြီးကြီးလှုပ်ခတ်ပြီးတဲ့နောက် ၁၉၃၀ ခုနှစ်မှာ လှုပ်ခတ်ခဲ့တဲ့ ရွှေမော်ဓော ဘုရားကြီးစိန်ဖူးတော်မြေခခဲ့ရတဲ့ ငလျင်ကြီးထပ်လှုပ်ခတ်ခဲ့ပါတယ်။ အခုဆိုရင်လဲ ဒီပြတ်ရွှေ့ ကြီးကြေင့် ငလျင်မလှုပ်ခတ်တာ နှစ် ၈၀ နဲ့ ၉၀ ကြားရှိခဲ့ပါပြီ။ ဒါ့ကြောင့် ဒီပြတ်ရွှေ့ ကြီးဟာ နောက်တခါငလျင်တွေ ထပ်လှုပ်လာနိုင်ပါတယ်။ငလျင်သဘောအရတော့ ငလျင်ကြီးတွေမလာခင်နဲ့ လာပြီးချိန်တွေမှာ ငလျင်သေးသေးလေးတွေ များစွာ လှုပ်လေ့ရှိပါတယ်။ ဒီပြတ်ရွှေ့ ကြီး ငြိမ်သက်နေတာလဲ နှစ် ၉၀ ထဲဝင်လာပြီဆိုတော့ ပရိတ်သတ်တွေ အနေနဲ့လဲ သတိရှိရှိနေထိုင်ကြဖို့ ဒီသတင်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။

source - Pan Nu Nwe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။