ချစ်တဲ့လုလုတစ်ယောက်တော့ ပရိသတ်တွေကို အမြဲတမ်းစောင့်မျှော်ရအောင် လုပ်တက်သူလို့ပြောရမှာပါပဲ။ ယခုရက်ပိုင်းမှာတော့ လူမှုကွန်ယက်စာမျက်နှာမှာ လုလုရဲ့ပုံရိပ်ကလေးတွေက ပျောက်ကွယ်နေခဲ့တာ ကြာပါပီ။ ဒီနေ့တော့ သူမက စောင့်မျှော်နေတဲ့သူတွေကို ဒီလိုအမိုက်စား ပုံတွေနဲ့ ရင်တွေဖိုအောင် လုပ်လိုက်ပြန်ပါတယ်။

အခုခေတ်စားနေတဲ့ shoulder off အကျီလေးကို ဝတ်ကာ အဖြူဂျင်းဘောင်းဘီတိုလေးကို တွဲဖက်ဝတ်ကာ အလွှင့်စတိုင်လေးနဲ့ လွတ်လပ်ကာ ကြည့်ကောင်းလွန်းနေပြန်ပါတယ်။

မိန်းခလေးတိုင်း လိုချင်တပ်မက်တဲ့ ခန္ဓာကိုယ်အချိုးအစစ်နဲ့ ပုရိသတို့ငေးမောဖွယ် အလှတရားတို့ကိုပိုင်ဆိုင်ထားတဲ့သူမဟာ ချစ်ဖို့ကောင်းတဲ့ သမီးချောလေးကို မွေးဖွားထားတဲ့ မိခင်လေးတစ်ဦးဆိုတာ မထင်ရက်လောက်အောငိ အထာကျလွန်းနေသူတစ်ဦးပါပဲ။

ကချင်တိုင်းရင်းသူတစ်ဦးဖြစ်တဲ့ သူမဟာ လူမှုကွန်ယက်မှာ အလှဓာတ်ပုံတွေများ တင်ရင်း နာမည်ရလာကာ မော်ဒယ်အလုပ်က အစပြုခဲ့သူပါ။ သရုပ်ဆောင်အပိုင်းမှာလည်း မြင်တွေ့ရတက်ပေမယ့် သူမကတော့ photo model အလုပ်ကိုသာ လုပ်နိုင်သလောက်ကို အေးချမ်းစွာလုပ်ကိုင်သွားမှာပါလို့ဆိုပါတယ်။

လက်ရှိမှာ တစ်ယောက်တည်းပါဆိုတဲ့ သူမအချစ်ရေးကတော့ စောင့်မျှော်ရအုံးမယ်လို့ ထင်ပါတယ်။ စကားသံဝဲဝဲလေးနဲ့ လေးစားစရာကောင်းတဲ့ မိခင်လောင်းတစ်ဦးလည်းဖြစ် ခပ်မိုက်မိုက်ဘော်ဒီနဲ့ ဆွဲဆောင်မှုအပြည့်ရှိတဲ့ မော်ဒယ်လဲ ဖြစ်တဲ့သူမရဲ့ ပုံလေးတွေကို အခုလိုပဲ Myanmar Load ကပရိသတ်တွေအတွက် စုစည်းပေးထားပါတယ်နော်။

Source - Lu Lu Aung Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။