ပရိသတ်အချစ်တော် အဆိုတော် သရုပ်ဆောင် ပန်းရောင်ခြယ်နဲ့ ပန်းသွန်းခြယ်တို့ ညီအစ်မနှစ်ယောက်ကတော့ သူမရဲ့ မွေးနေ့လေးမှာ အလှူဒါန်းများနဲ့ ဖြတ်သန်းခဲ့တာ တွေ့ရပါတယ်..။

ပြီးခဲ့တဲ့ ဇန်နဝါရီ(၁၄)ရက်လေးဟာ အဆိုတော် သရုပ်ဆောင် ပန်းရောင်ခြယ်နဲ့ ပန်းသွန်းခြယ်တို့ရဲ့ မွေးနေ့ရက်လေးပဲ ဖြစ်ပါတယ်..။

သူမတို့ရဲ့ မွေးနေ့ရက်လေးမှာ မိသားစုနဲ့ အတူ ပျော်ပျော်ရွှင်ရွှင် အလှူဒါန်းများ ပြုလုပ်ပြီး မွေးနေ့လေးကို ဖြတ်သန်းခဲ့တယ်လို့ သိရပါတယ်..။

သူမတို့ ညီအစ်မနှစ်ယောက်ရဲ့ မွေးနေန့လေးမှာ မွေးနေ့အလှူအဖြစ် မှော်ဘီမြို့မှာရှိတဲ့ မေတ္တာအေးရိပ်မြုံမှာ ကလေး အယောက်(၈၀) စာအတွက် လှူဒါန်းမှုများ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်..။

အဲ့ဒီအကြောင်းကိုတော့ ပန်းရောင်ခြယ်သူ သူမရဲ့ ဖေ့စ်ဘွတ်စာမျက်နှာကနေ ပရိသတ်တွေကို ပြန်လည်မျှဝေထားတာ တွေ့ရပါတယ်..။

“မနေ့မနက်က Yaungsters လေးတွေ ပန်းရောင်တို့ ညီအစ်မနှစ်ယောက် မွေးနေ့အတွက် မှော်ဘီက မေတ္တာအေးရိပ်မြုံမှာ စီစဉ်ထားတဲ့အလှူမှာ ပန်းရောင်တို့ မိသားစုလဲဝင်လှူဖြစ်ခဲ့ပါတယ်.. ကျေးဇူးအများကြီးတင်ပါတယ်..” ဆိုပြီး ရေးသားမျှဝေထားတာ ဖြစ်ပါတယ်..။

သူမရဲ့ အဲ့ဒီပို့စ်ရဲ့ အောက်မှာလည်း အနုပညာရှင် မိတ်ဆွေ သူငယ်ချင်းများနဲ့ ပရိသတ်တွေကလည်း မွေးနေ့ ဆုတောင်စကားလေးတွေ ပြောပေးထားကြတာ တွေ့ရပါတယ်..။

ပန်းရောင်ခြယ်နဲ့ ပန်းသွန်းခြယ်တို့ ညီအစ်မနှစ်ယောက်ဟာ အသက်ကွာပေမယ့်လည်း မွေးနေ့၊ မွေးလ၊ မွေးရက် အကုန်လုံးတူလို့ မွေးနေ့အလှူလေးကို အတူတူ ကျင်းပပြုလုပ်ခဲ့ကြတာ ဖြစ်ပါတယ်..။

ချစ်စရာကောင်းတဲ့ ပရိသတ်အချစ်တော် ပန်းရောင်ခြယ်နဲ့ ပန်းသွန်းခြယ်တို့ ညီအစ်မနှစ်ယောက်ရဲ့ မွေးနေ့ အလှူပုံရိပ်လေးတွေကိုလည်း ပရိသတ်တွေအတွက် ပြန်လည်မျှဝေလိုက်ပါတယ်..။

Source - ပန်းရောင်ခြယ် fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။