လက်သည်း၊ ခြေသည်းကို မကြာခဏ ပုံဖော်၊ လက်သည်းဆိုး ပြုပြင်မှုတွေကြောင့် လက်သည်း ကြွပ်ဆတ်တာ၊ အားနည်းတာနဲ့ ပိုးဝင်တာတွေ ဖြစ်လာစေနိုင်ပါတယ်။ ဒီလို ဖြစ်လာတဲ့ အခါ မလိုလားအပ်တဲ့ ကျန်းမာရေး ပြသနာတွေကို ဖြေရှင်းရပါလိမ့်မယ်။ ဒါ့ကြောင့် လက်သည်း၊ ခြေသည်း အလှကို ပုံဖော်တဲ့ အခါ ထည့်စဉ်းစားနိုင်ဖို့ အတွက် မဖြစ်မနေ သိထားသင့်တဲ့ အချက်လေးတွေလည်း ရှိနေပါတယ်။ လက်သည်းအလှ ပြုပြင်တဲ့အခါ ထိခိုက်မှုနည်းပြီး အန္တရာယ်ကင်းအောင် ထိန်းသိမ်းနိုင်မယ့် အချက်တွေကို ဖော်ပြပေးလိုက်ပါတယ်။

လက်သည်းအလှပြုပြင်သူက ကျွမ်းကျင်မှု ရှိရဲ့လား

လက်သည်း အလှပြုပြင်သူများက ဆေးပညာရှင်များ မဟုတ်တာကြောင့် လက်သည်းကို ကိုင်တွယ်တဲ့အခါ နည်းစနစ် မကျမှုတွေကြောင့် လက်သည်းတွေ အားပျော့လာနိုင်ပါတယ်။ လက်သည်းတွေကို ကြမ်းကြမ်းတမ်းတမ်း ကိုင်တွယ်တဲ့ အခါနဲ့ ကြေးချွတ်ပစ်တဲ့ အခါမျိုးမှာ လက်သည်းက ပိုမိုကြမ်းတမ်း စေတတ်တာကြောင့် ဒီလို အနေအထားမျိုးကို ငြင်းဆန်သင့်ပါတယ်။

လက်သည်းဖျက်ဆေးကို သတိထားပါ။

လက်သည်းဖျက်ဆေး (သို့) လက်သည်းကပ်ဆေး အများစုက မျက်ဝန်းတစ်ဝိုက်ကို ဓာတ်မတည့်တဲ့ တုံ့ပြန်မှုတွေ ဖြစ်စေနိုင်ပါတယ်။ လက်သည်းဖျက်ဆေး၊ အရောင်တင်ဆေးတွေ သုံးတဲ့အခါ ဓာတ်မတည့်မှုနည်းပါးတဲ့ နူးညံ့တဲ့ ဖော်မြူလာကိုပဲ သုံးသင့်ပါတယ်။

လက်သည်း အရောင်တင်ဆီထဲက ဓာတုပစ္စည်းတွေက အန္တရာယ်ကင်းရဲ့လား

ဖော်မယ်ဒီဟိုက် (Formal de hyde) နဲ့ တော်လူး (Toluene) တွေက အန္တရာယ်ကင်းပြီး အလှကုန်ပစ္စည်းအဖြစ် တရားဝင် အသုံးပြုနိုင်ပါတယ်။ ဒါပေမဲ့ တခြားပါဝင်ပစ္စည်းဖြစ်တဲ့ DBP (Di-butyl phthalate) ကိုတော့ လက်သည်းအရောင်တင်ဆီမှာ ထည့်သုံးပေမယ့် ဥရောပတော့မှာ ၂၀၀၅ ခုနှစ် ကတည်းက တားမြစ်ခဲ့တာကြောင့် ဖြစ်နိုင်ရင်တော့ ရှောင်စေချင်ပါတယ်။

လက်သည်း ကျန်းမာအောင် ဘယ်လိုလုပ်သင့်သလဲ

တချို့လူတွေရဲ့ လက်သည်းတွေက ကြွပ်ဆတ်နေပြီး အလွှာအထပ်လိုက် ဖြစ်နေတယ်ဆိုရင် လက်ကို မကြာခဏ ဆေးကြောပေးပါ။ လက်လိမ်းခရင်မ်လိမ်းပြီး လက်သည်းတွေ ထိခိုက်ဒဏ်ရာ မရအောင် ပုံမှန် လှီးဖြတ်ပါ။ လက်သည်းတစ်ပြင်လုံး ရေဓာတ်ပြည့်ဝနေဖို့ လိုပါတယ်။

Source: Good Health

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။