ဒီတစ်ခေါက် တင်ဆက်ပေးမှာကတော့ သီးစုံဂျယ်လီ ပြုလုပ်နည်းပဲ ဖြစ်ပါတယ်။ သီးစုံဂျယ်လီကို အချိုပွဲ အတွက် အသုံးပြုရန် ဖြစ်စေ၊ သားသား၊ မီးမီး၊ တူ၊ တူမလေးတွေ အတွက်ပဲ ဖြစ်စေ အရသာ ရှိလှတဲ့ သီးစုံ ဂျယ်လီကို ရွေးချယ်ပြီး ပြုလုပ်နိုင်ပါတယ်။ ပါ၀င်တဲ့ ပစ္စည်းများနှင့် ပြုလုပ်နည်းကလည်း လွယ်ကူတာမို့ စမ်းသပ်ကြည့်ကြဖို့ တိုက်တွန်းချင်ပါတယ်။

ပါ၀င်သောပစ္စည်းများ

(၁) Agar ဂျယ်လီ အချောင်း – ထုပ်ဝက် (တထုပ်တွင် ၃၅ ဂရမ် ပါသည် တဝက်ကိုသာ အသုံးပြရပါမယ်

(၂) ရေနွေး – ၁လီတာ

(၃) သကြား – ၁၅၀ ဂရမ်

(၄) သီးစုံ စည်သွပ်ဗူး – ၁ဗူး

(၅) Apple green အရည်ဗူး – လက်ဖက်ရည်ဇွန်း ၂ဇွန်း (City Mart တွင် ၀ယ်ယူနိုင်ပါတယ်)

(၆) ကြိုက်နှစ်သက်ရာ သစ်သီး တစ်လုံး 

သီးစုံ ဂျယ်လီ ပြုလုပ်နည်း အဆင့်အဆင့်

၁။ အရင်ဆုံး ဒယ်ထဲတစ်ခုထဲ ရေနွေး (၁လီတာ)၊ ဂျယ်လီချောင်း၊ Apple အနှစ်ရည်၊ သကြား တို့ကို ရောမွှေထည့်ပြီး သကြား၊ ဂျယ်လီချောင်း ပျော်သည်အထိ ၂မိနစ်ခန့် တည်ပါ။

၂။ အခွံ ခွာစရာ လိုသော သစ်သီးဆိုလျှင် အခွံခွာပြီး အစိပ် သေးသေးလေးတွေ လှီးထားပါ။

၂။ ဂျယ်လီလုပ်ရန် ခွက်ထဲသို့ သစ်သီးအစိပ်လေးများကို ထည့်လိုက်ပါ။

၃။ ပြီမှး အပေါ်မှ ဂျယ်လီ အရည်များကို သစ်သီးမြုပ်အောင် လောင်းထည့်ပြီး ရေခဲသေတ္တာထဲတွင် ၁နာရီခန့် ထည့်ထားပေးပါ။ (ရေခဲသေတ္တာ၏ အအေးဆုံး အခန်းတွင့် ထည့်စရာ မလိုပါ)

၄။ အအေးခံပြီးပြီ ဆိုရင်တော့ ချိုစိမ့်ပြီး အရသာရှိလှတဲ့ သီးစုံဂျယ်လီကို သုံးဆောင်နိုင်ပြီပဲ ဖြစ်ပါတယ်။

အားလုံးပဲ ကိုယ်ချစ်ရတဲ့ သူများနှင့် ဘဝကို ပျော်ရွှင်စွာ လျှောက်လှမ်းနိုင်ကြပြီး စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာ ကြပါစေ ရှင်။

ကိုးကား - Wutyee Food House 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။