နာမည်ကျော်တစ်ဦးဖြစ်တဲ့ ဖြူဖြူထွေးတစ်ယောက် သူမရဲ့ချစ်စဖွယ်ပုံရိပ်လေးတွေကို တင်လိုက် ပါ တယ်။ ပရိတ်သတ်အားပေးတဲ့ ဟာသသရုပ်ဖော်သူတစ်ဦးဖြစ်ပြီး သူမရဲ့ချစ်စဖွယ်ပုံရိပ်လေး တွေနဲ့ ဖြူစင်တဲ့အပြုအမူလေးတွေကြောင့် ပရိတ်သတ်တွေရဲ့ အပြည့်အဝအားပေးမှုကို ရရှိ လာခဲ့တာပဲ ဖြစ်ပါတယ်။ ဒဂုံတက္ကသိုလ်ရဲ့ ဆရာကန်တော့ပွဲမှာ ကကွက်ဆန်းတွေ စတင် ကပြရာမှာ လူသိများလာ ပြီး နာမည်ကျော်လာသူလေးပဲဖြစ်ပါတယ်။ သူမဖန်တီးတဲ့ ဟာသ ဗီဒီယိုတွေဟာ ပရိတ်သတ်တွေကြား ရေပန်းစား နှစ်ခြိုက်ခဲ့ကြပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းက ကားလက်မှတ်ကြော်ငြာတစ်ခုရိုက်ကူးပေးခဲ့ရာတွင် ဓာတ်ပုံကိုအိုက်တင် အဆန်းလေးတွေ ပေးခဲ့တာကြောင့် သူမကိုပြင်းပြင်းထန်ထန်ဝေဖန်ခံခဲ့ရတဲ့အကြောင်းကို အင်တာဗျူးတစ်ခုမှာ ဝမ်းနည်းပြီးငိုကြွေးကာ ပြောပြခဲ့ပါတယ်။ မိမိရသမျှ အနုပညာငွေကြေး အကုန်ကို မိဘတွေကိုပြန်လည်ထောက်ပံ့ခဲ့တယ်လို့လည်း သူမကဆိုပါတယ်။ ရုပ်ကလေး ကလည်း ချစ်စရာကောင်းသလို မိဘကိုလည်းလုပ်ကျွေးပြုစုနေတဲ့ သမီးအလိမ္မာလေးမို့ ပရိတ်သတ်တွေက ပိုလို့အချစ်တိုးခဲ့ကြပါတယ်။

သူမစိတ်မကောင်းဖြစ်ပြီး ငိုကြွေးနေတဲ့ပုံရိပ်လေးကို ဆရာတောင်ဝီရသူက လောကဓံကို ခံနိုင် ရည်မရှိ ဘူးလို့ သြဝါဒချွေတဲ့အပေါ် သူမကပြန်လည်ပြီး ခံနိုင်ရည်ရှိအောင်ကြိုးစားပါ့မယ်လို့ လျှောက်တင်ခဲ့ပါ တယ်။ ဒီနေ့မှာလည်း သူမရဲ့ချစ်စရာကောင်းတဲ့ပုံရိပ်လေးကို တောသူ ပါကွယ်ဆိုတဲ့ စာလေးရေးပြီး တင်ထားတာဖြစ်ပါတယ်။ ချစ်စရာကောင်းတဲ့ တောသူမလေး ဖြူဖြူထွေးရဲ့ ပုံရိပ်တွေကို အခုပဲ တင်ဆက်ပေးလိုက်ပြီနော်။

Photo – Phyu Phyu Htwe’s FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။