မန္တလေး ကုန်စည်ဒိုင်ဈေးကွက်တွင် ပြောင်းဖူးစေ့ဈေးသည် ဒီဇင်ဘာလမှာ စပေါ်ပြီး နှစ်လအတွင်းတွင် ပြည်ပနှင့် ပြည်တွင်း လိုအပ်ချက်များအရ ဈေးနူန်း တက်လာသည်မှာ အတက်ကြမ်းသည်ဟု မန္တလေးမြို့ ပဲကုန်သည်များထံမှ ကြားသိရပါတယ်။ အဆိုပါ ပြောင်းဖူးစေ့ကို တရုတ်အဝယ် နှင့် ပြည်တွင်းအစားစပ်သမား အဝယ်ရော ရှိတာကြောင့် ဈေးနည်းနည်း မြင့်တယ်လို့ ပြောလို့ရပါတယ်။၊ “ပြောင်းဖူးစေ့က အရင်က ကျွန်တော် တို့ ကျပ် ၂၄၀၀၀ ကနေ ကျပ် ၂၅၅၀၀၊ ကျပ် ၂၆၀၀၀ လောက်အထိ ဖြစ်သွားတယ်။ နည်းနည်းပြန်ပြီး မြင့်လာတယ်လို့ထင်တယ်။ ဒီ ပြောင်းဖူးစေ့ဈေး ရုတ်တရက် နှစ်ထောင်လောက်မြင့်လာတယ်။ ဒီတစ်ရက် နှစ်ရက်အတွင်း ဈေးကွက်ထဲမှာရှိတဲ့ ဈေးကွက် ပြောင်းလဲမှုပါပဲ။ တခြားပဲတွေ ထူးထူးခြားခြား ပြောင်းလဲလာတာ မရှိဘူး။

နှစ်သောင်းတန် ပစ္စည်း နှစ်ထောင်လောက်တက်တာ ဆယ်ရာခိုု်င်နူန်းလောက် တက်လာတဲ့ဈေးနှုန်း ဒါ က အတက်ကြမ်းတယ်လို့ ပြောလို့ရတယ်။ ဒီဈေးက မြင့်တယ် ပြောနိုင်တယ်။ ပြောင်း ပေါ်တာ ကာလ နှစ်လပဲ ရှိသေးတယ်။ ဒီဇင်ဘာမှစပေါ်ပြီး ဇန်နဝါရီမှာပဲ စတက်သွားတာ အရင်နှစ်တွေက ဒီဈေးနူန်းတွေက သြဂုတ်၊ စက်တင်ဘာ၊ နိုဝင်ဘာမှာ ဖြစ်ရမည့် ဈေးတွေ။ အခု CP ပြောင်းဖူးစေ့ အသစ်ပေါ်ပေါ်ခြင်း ဈေးတက်တာက ပြောင်းစိုက်တောင်သူတွေအတွက် ဝမ်းသာစရာဖြစ်တယ်။ စောစောပိုင်းမှာတော့ ဈေးနှုန်းအေးပေမဲ့ အခုက ပစ္စည်း နည်းနည်းလည်း ပြတ်ပြီးတော့မှ အဝယ်လည်း များလားတဲ့သဘော ရှိတယ်။ တရုတ်အဝယ်ရော ပြည်တွင်းလိုအပ်ချက် အရရော နည်းနည်းမြင့်တာဖြစ်တယ်” လို့ ဦးချွန်က ပြောကြားခဲ့ပါတယ်။

ယခင်က ပြောင်းဖူးစေ့များကို ရုမ်းပြည် တောင်ပိုင်းနှင့် မြောက်ပိုင်းများက မန္တလေး ဈေးကွက်ကို ဝင်ရောက်မူရှိခဲ့ပါတယ်။ ယခုအခါ ရှမ်းပြည်ဘက် ပြောင်းဖူးစေ့များ နောင်ချို ကနေ တရုတ်ပြည်နယ်စပ်ဘက်နှင့် တောင်ကြီးဘက် ပြောင်းဖူးစေ့များ ရန်ကုန် အစာစပ် စက်ရုံများက အများဆုံးဝယ်ကြသည့်အတွက် မန္တလေးဘက်သို့ မရောက်ခဲ့ကြောင်း တစ်ခါတစ်လေ မန္တလေးဈေးက နောက်ကျန်နေပြီး နယ်ဈေးတွေ ဈေးပိုကောင်းနေပါတယ်။ မန္တလေး ပဲဈေးကွက်တွင် ပဲတီစိမ်းဈေးက အေးနေပြီး နှမ်းဈေးသည်လည်း ပစ္စည်းကောင်းသည်များသာ အရောင်းအဝယ် ဖြစ်ကြပြီး အရည်အသွေးမမီ ပစ္စည်းညံ့ နှမ်းတွေက အဝယ်မရှိကြောင်း သိရပါတယ်။

Source - EMG

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။