ယနေ့ည မြန်မာစံတော်ချိန် ၉နာရီ ၄၅ မိနစ်မှာတော့ EL Clasico ပွဲအဖြစ် ဘာစီလိုနာနဲ့ရီးရဲလ်မက်ဒရစ်တို့ရဲ့ အကြိတ်အနယ်ယှဉ်ပြိုင်မယ့် ပွဲရှိပါတယ်။ လာလီဂါမှာ ဒီနှစ်သင်းနောက်ဆုံးတွေ့ဆုံမှုရလဒ်ကတော့ ဘာစီလိုနာက ၂ကြိမ်နိုင်ထားပြီး ရီးရဲလ်က ၁ကြိမ်နိုင်ထားပါတယ်။

လက်ရှိအနေအထားမှာတော့ ဘာစီလိုနာအသင်းက သရေပွဲတွေဆက်နေပြီး ရီးရဲလ်အသင်းက ခြောက်ပွဲဆက်နိုင်ပွဲတွေရရှိထားပါတယ်။ ဒါပေမယ့် ဒီပွဲက ဘာစီလိုနာကွင်းမှာ ဖြစ်လို့ ရီးရဲလ်အသင်း အနိုင်ရရှိရေး ကြိုးစားကန်ရပါလိမ့်မယ်။

ရီးရဲလ်အသင်းက ဂါရတ်ဘေး၊ တိုနီခရူးစ်တို့အစရှိတဲ့ကစားသမားတွေကတော့ ဒဏ်ရာရနေလို့ ပါ၀င်နိုင်မှာမဟုတ်ပါဘူး။ ဘာစီလိုနာအသင်းမှာလည်း အင်နီယေစတာ၊ အမ်တီတီတို့ဟာ ဒဏ်ရာတွေရှိနေတာမို့ ပွဲအင်အားအတော်လိုအပ်နေပါတယ်။ ရီးရဲလ်မက်ဒရစ်အသင်းနဲ့ ခြောက်မှတ်ကွာနေတဲ့ ဘာစီလိုနာအသင်းကတော့ ဘာပဲဖြစ်ဖြစ် မဖြစ်မနေအနိုင်ရဖို့လိုအပ်နေပြီး ရီးရဲလ်အသင်းအနေနဲ့လည်း ဂုဏ်သိက္ခာအရ အရှုံးပေးလို့မဖြစ်ပါဘူး။

ပြိုင်ဆိုင်မှုပြင်းထန်တဲ့ EL Clasico ပွဲရဲ့ ထုံးစံအတိုင်း အသင်းချင်းလည်း ပြိုင်ဆိုင်ရသလို မက်ဆီ ၊ စီရော်နယ်ဒိုတို့ရဲ့ အားပြိုင်မှုတွေနဲ့အတူ စိတ်ဝင်စားဖွယ်ကောင်းတာမို့ မလွတ်တမ်းစောင့်ကြည့်ကြပါဦး။ 

Photo - internet

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။