နာမည်ကျော်အဆိုတော်တစ်ဦးဖြစ်တဲ့ ဝေလတစ်ယောက် မိသားစုနဲ့အတူ ကမ်းခြေမှာ အပန်းဖြေနေတာပဲဖြစ်ပါတယ်။ ပျော်ရွှင်စရာကောင်းတဲ့မိသားစုဘဝလေးကို တည်ဆောက် ထားပြီး ချစ်စရာကောင်း တဲ့ သားလေးတစ်ဦးကိုလည်း ပိုင်ဆိုင်ထားပါသေးတယ်။ အောင်မြင် တဲ့အဆိုတော်တစ်ဦးဖြစ်ပြီး ပရိတ်သတ်အားပေးမှုအပြည့်အဝ ရရှိထားသူတစ်ဦးလည်းဖြစ် ပါတယ်။ သီချင်းခွေတွေလည်း ထွက်ရှိထားပြီး အောင်မြင်မှုရရှိနေတဲ့ အဆိုတော် တစ်ဦး ပဲဖြစ်ပါတယ်။ လက်ရှိမှာလည်း “ မူလလေးဖြာ ” ဆိုတဲ့သီချင်းခွေကို အဆိုတော်များဖြစ်တဲ့ ဂျီလတ်၊ ဟန်ထွန်း၊ သအိုတို့နဲ့ တွဲဖက်သီဆိုထားတာပဲဖြစ်ပါတယ်။

ပြီးခဲ့တဲ့ 2017 ဒီဇင်ဘာလောက်က ဝေလတစ်ယောက် သူ့ရဲ့အကောင့်အတုကြောင့် အတော် လေး စိတ်ညစ်ခဲ့ရပါသေးတယ်။ အကောင့်အတုဟာ ဖော်လိုဝါသုံးသိန်းကျော်လောက် ရရှိ နေပြီဖြစ်ပြီး ဝေလအဖြစ်နဲ့ သူ့ကိုယ်သူစာတွေတင် ပုံတွေတင်နဲ့လုပ်ခဲ့တာကြောင့် ဒါဟာ အကောင့်အတု ဖြစ်ကြောင်းကို အဆိုတော်ဂျီလတ်က သူ့ရဲ့ဖေ့ဘုတ်ကမှတဆင့် ပြန်လည် ရှင်းပြ ခဲ့ပါသေးတယ်။ အောင်မြင်တဲ့အဆိုတော်တစ်ယောက်အဖြစ် ရပ်တည်နေခဲ့တာဖြစ်ပြီး အမိုက်စားသံစဉ်တွေဟာလည်း ပရိတ်သတ်တွေကြားမှာ အမြဲလိုလိုရေပန်းစားနေခဲ့ပါတယ်။

လက်ရှိမှာတော့ မိသားစုသုံးယောက်ပျော်ပျော်ပါးပါး ကမ်းခြေမှာ ပြုံးပျော်နေတဲ့ ပုံရိပ်လေး တွေက ကြည်နူးစရာပါပဲ ပရိတ်သတ်ကြီးရေ။ ချစ်စဖွယ်သားလေးရယ်၊ ဖေဖေနဲ့မေမေတို့ရဲ့ အပြုံးပီတီလေးတွေက ပျော်ရွှင်စရာကောင်းတဲ့ မိသားစုလေးဖြစ်တယ်ဆိုတာကို အပြည့်အဝ ပုံဖော်နေပါတယ်။ ချစ်စရာကောင်းတဲ့ ဝေလတို့မိသားစုလေးရဲ့ ပျော်ရွှင်ဖွယ်ပုံရိပ်လေးတွေ ကို ပရိတ်သတ်ကြီးအတွက် တင်ဆက်ပေးလိုက်တယ်နော်။

Photo – Wai La’s FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။