ဒီလိုအဖြစ်အပျက်မျိုးဟာ ကြုံထောင်ကြံုခဲ ပါပဲ။ဘယ်သူမှ ဒီလိုဖြစ်မယ်လို့ ထင်ထားခဲ့မှာမဟုတ်ပါဘူး။ရှားရှားပါးပါးဖြစ်ခဲ့တဲ့ ယဉ်တိုက်မှုကတော့ လူအများရဲ့စိတ်ဝင်စားစရာတစ်ခုဖြစ်ခဲ့ပါတယ်။

ဒါပေမယ့် ဒီထိတ်လန့်စရာကောင်းတဲ့ အဖြစ်အပျက်ဟာ အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ်မှာတော့ တကယ့်ကို ဖြစ်ခဲ့တာပါ။

ဆန်တာအန်နာဒေသတွင်း သွားဘက်ဆိုင်ရာဆေးပညာ အဆောက်အအုံရဲ့ အပြင်ဘက် ကွန်ကရစ်နံရံကို ထိုးဖောက်ဝင်တိုက်မိခဲ့တဲ့ နစ်ဆန်း ဆီဒင်ကားဟာ အရှိန်မထိန်းနိုင်ဘဲ လေထဲမှာ ပေ ၆၀ လောက်ထိ မြောက်တက်ခဲ့ပြီးမှ ခုလိုတိုက်မိခဲ့တာ ဖြစ်တယ်လို့ ရဲတွေက ပြောပါတယ်။

ဆန်တာအန်နာ ရဲဌာနဟာ အဲဒီနေ့ မနက်ခင်းအစောပိုင်း ၅ နာရီခွဲလောက်မှာ အရေးပေါ်ဖုန်းခေါ်ဆိုမှု ရခဲ့တာဖြစ်ပြီး အဲဒီကားဟာ လမ်းပြောင်းပြန် မောင်းလာခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

ဒီအဖြစ်အပျက်ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၆ ရက်နေ့က ဖြစ်ခဲ့ပြီး အင်တာနက် လူမှုကွန်ရက် စာမျက်နှာတွေပေါ်မှာတော့ လူပြောများနေခဲ့တာပါ။

ကားပေါ်ပါ လူ ၂ ဦးကတော့ အသက်အန္တရာယ်မှ သီသီလေး လွတ်မြောက်သွားခဲ့ပြီး ထိခိုက်ဒဏ်ရာ အနည်းငယ်ရရှိသွားခဲ့ကြကာ ယာဉ်မောင်းကိုတော့ ဖမ်းဆီးထားခဲ့တယ်လို့ ဘီဘီစီသတင်းတပုဒ်မှာ ဖော်ပြပါတယ်။ 

source - DVB tv

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။