တယ်လီနောဆင်းကတ်သုံးစွဲသူများအကြား ရေပန်းအစားဆုံး မိုဘိုင်းဟန်းဆက်စာရင်းအား ၂၀၁၇ ခုနှစ်အတွင်း လေ့လာသုံးသပ်မှု ပြုလုပ်ခဲ့ပြီး Huawei ဟန်းဆက်အသုံးပြုသူအများဆုံးဖြစ်ကြောင်း သတင်းထုတ်ပြန်ပါသည်။ မကြာသေးမီက ကောက်ယူခဲ့သည့်နှစ်ကုန်လေ့လာချက်စစ်တမ်း ရလဒ်များအရ Huawei သည် တယ်လီနော သုံးစွဲသူများအကြား ရေပန်းအစားဆုံး မိုဘိုင်းဟန်းဆက်အမျိုးအစားဖြစ်ပြီး တယ်လီနော သုံးစွဲသူလူဦးရေ ၁၉ သန်း၏ ၂၄ ရာခိုင်နှုန်းခန့်ကအသုံးပြုနေကြောင်း လေ့လာတွေ့ရှိရသည်။

“ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်း မြန်မာနိုင်ငံမှာ တန်ဖိုးသင့်စမတ်ဖုန်းတွေ ဝင်ရောက်လာခဲ့တဲ့အတွက် မိုဘိုင်းဖုန်း အဓိကအသုံးပြုတဲ့ဈေးကွက် တစ်ခုဖြစ်ပေါ်လာစေခဲ့ပါတယ်။ ဒါ့အပြင် လက်ရှိတယ်လီနောသုံးစွဲသူ လူဦးရေရဲ့ ၈၀ ရာခိုင်နှုန်းခန့်ဟာ စမတ်ဖုန်း အသုံးပြုသူတွေဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ နိုင်ငံတစ်ဝန်းမှာ မိုဘိုင်းကွန်ရက် အဆင့်မြှင့်တင်မှု တွေ ဆက်လက်ပြုလုပ်နေသလို ကျေးလက်နဲ့ ဝေးလံ ခေါင်းပါးတဲ့ ဒေသတွေမှာ ကွန်ရက်လွှမ်းခြုံမှုတွေ တိုးချဲ့နေခဲ့တဲ့အတွက် ဒီနှစ် အတွင်းမှာလည်း မြန်မာနိုင်ငံမှာ တန်ဖိုးသင့် စမတ်ဖုန်း ဟန်းဆက်တွေ ဆက်လက်လူကြိုက်များနေဦးမယ်လို့ မျှော်လင့်နိုင်ပါတယ်” ဟု တယ်လီနောမြန်မာ၏ဈေးကွက် ဖော်ဆောင်ရေးအရာရှိချုပ်ဖြစ်သူ Joslin Myrthong ကပြောပါသည်။ 

အသုံးအများဆုံးဖြစ်သည့် Huawei ဟန်းဆက်ပြီးလျှင် သုံးစွဲသူစုစုပေါင်း၏ ၁၃ ရာခိုင်နှုန်းဖြင့် Samsung က ဒုတိယနေရာ ရပ်တည်လျှက်ရှိပြီး ယင်းနောက်တွင် OPPO, Vivo နှင့် Xiaomi အမှတ်တံဆိပ် စမတ်ဖုန်း များအသီးသီး ရပ်တည်လျက်ရှိသည်။ Apple ထုတ်ကုန်များကိုမူ တယ်လီနော မြန်မာ၏ ဖုန်းခေါ်ဆိုမှုနှင့် ဒေတာဝန်ဆောင်မှုများအား အသုံးပြုသူ အရေအတွက်၏ ၁ ရာခိုင်နှုန်းခန့် ကသာအသုံးပြုကြောင်း သိရသည်။

Source : ရဲလင်းလင်းသန်း

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။