ကမ္ဘာတစ်လွှားမှာ နံပါတ်တစ်ပြေးနေတဲ့ Havana သီချင်းပိုင်ရှင်လေး ကာမီလာ ကာဘယ်လို ဟာ

သူမရဲ့ တစ်ကိုယ်တော်အခွေ မထွက်ခင် ညက ကိုယ့်ကိုယ်ကိုသေပြီ ထင်ခဲ့မိတယ်လို့ ဇန်နဝါရီ ၁၆ music-news.com မှာ ဖော်ပြထားပါတယ်။

Fifth Harmony အဖွဲ့နဲ့ လမ်းခွဲလိုက်တဲ့ အသက် ၂၀ အရွယ် ကျူးဘား - အမေရိကန် ကပြား အဆိုတော် ကာမီလာ ဟာ  သူမရဲ့ တစ်ကိုယ်တော်အခွေ Camila ကို ဇန်နဝါရီ ၁၂ ရက် မှာ ဖြန်ချိခဲ့တာဖြစ်ပြီး သူမအနေနဲ့ အခွေမထွက်ခင် ညက စိတ်ကယောင်ခြောက်ခြားဝေဒနာကို အပြင်းအထန်ခံစားခဲ့ရကြောင်း အခုလို ထုတ်ဖော်ပြောခဲ့တာပါ

“ကျွန်မရဲ့ နှလုံးခုန်နှုန်း အလွန်မြန်နေခဲ့တယ်။ကျွန်မ အိပ်ဖို့ကြိုးစားပေမယ့် ဖုန်းကိုကိုင်နေရင်း အခွေထွက်ပြီလားဆိုတဲ့စိတ်ပဲ ရှိနေခဲ့တယ်” လို့ သူမကပြောပါတယ်။

သူမ တည်းခိုတဲ့ ဟော်တယ်ခန်းတွင်းကို ၀န်ထမ်းအမျိုးသမီးတစ်ယောက် မျက်နှာသုတ်ပုဝါ လဲလှယ်ဖို့ ၀င်လာချိန်မှာ ထိတ်လန့်စိတ် အထွတ်အထိတ်ရောက်ခဲ့ပြီး တစ်စုံတစ်ယောက်က ရန်ပြုဖို့ ဟော်တယ်ခန်းတံခါးဖျက်ပြီး ၀င်လာတယ်လို့ စိတ်ထဲမှာ ထင်ခဲ့ကြောင်း ပြောပါတယ်။

“ကျွန်မ အနေနဲ့ . . . အဲဒါပဲ။အဲဒါပဲ။ဒီနေ့ဟာ ငါ့ဘဝရဲ့ နောက်ဆုံးနေ့ပဲ။ငါ့မှာ တစ်ကိုယ်တော်အခွေ ထွက်တာတောင် မမြင်လိုက်ရတဲ့ ဘဝပါလားလို့ တွေးမိလိုက်တယ်” လို့ သူမက ပြောပါတယ်။ စိတ်လှုပ်ရှားမှုုတွေပြင်းထန်ခဲ့ရတဲ့ သူမရဲ့ အဖြစ်ကတော့ မမေ့နိုင်တဲ့ အမှတ်တရနေ့တစ်နေ့အဖြစ် ကျန်ရှိခဲ့မှာသေချာပါတယ်။

လက်ရှိအချိန်မှာတော့ ကာမီလာ ကာဘယ်လို စိတ်ကယောင်ခြောက်ခြားဖြစ်ခဲ့တဲ့ သူမရဲ့ တစ်ကိုယ်တော်အခွေ Camila က အောင်မြင်မှုများစွာရရှိပြီး အဆိုပါအယ်လ်ဘမ်မှ Havana သီချင်းဟာ ကမ္ဘာကျော်သီချင်းတွေထဲက တစ်ပုဒ်ဖြစ်လာခဲ့ပါပြီ။

Source : Opinion Leaders Media 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။