နာမည်ကြီး အဆိုတော် ရဲရင့်အောင် နဲ့ တက်သစ်စ မင်းသမီးချောလေး ဧငြိမ်းဖြိူ တို့ချစ်သူစုံတွဲဟာ ပရိသတ်တွေ အားပေးကြတဲ့ အနုပညာရှင်စုံတွဲတွေထဲမှာ တစ်တွဲအပါအဝင် ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရက်အနည်းငယ်က သူတို့ချစ်သူစုံတွဲရဲ့ ချစ်သူသက်တမ်း (၁) နှစ်ပြည့်ခဲ့တာဖြစ်ပြီး ရဲရင့်အောင်ကတော့ ချစ်သူဖြစ်တဲ့ ဧငြိမ်းဖြူကို Surprise အကြီးကြီး တစ်ခုလုပ်ခဲ့ပြီး ပရိသတ်တွေ ကိုယ်တိုင်လည်း အံ့သြခဲ့ကြပါတယ်။ 

ဒါကတော့ ရဲရင့်အောင်က သူ့ရဲ့ လက်ဖျံပေါ်မှာ သူတို့ချစ်သူနှစ်ဦးပုံကို တက်တူးထိုးခဲ့တာ ဖြစ်ပါတယ်။ ဒီလို လုပ်လိုက်တာနဲ့ပတ်သတ်ပြီး ချစ်သူဖြစ်တဲ့ ဧငြိမ်းဖြူ ကိုယ်တိုင်လည်း အရမ်းအံ့သြပြီး ဝမ်းနည်းဝမ်းသာဖြစ်ခဲ့ရတယ်လို့ သိရပါတယ်။ ပရိသတ်တွေကတော့ သူတို့စုံတွဲရဲ့ ချစ်ခြင်းမေတ္တာကို သဘောတွေကျလို့ နေတာတွေ့ရပါတယ်။ သို့ပေမဲ့ လတ်တလောမှာတော့ ရဲရင့်အောင်က လက်ဖျံပေါ်က တက်တူးနဲ့ ပတ်သတ်လို့ ပရိသတ်တွေကြား ဝေဖန်မှုတွေ ထွက်လာပြန်ပါတယ်။

အစက တက်တူးက အဝေးကနေသာရိုက်ထားတာဖြစ်ပြီး တက်တူးရဲ့ အနီးကပ်ပုံကို မြင်လိုက်ရတဲ့အခါမှာတော့ ပရိသတ်တွေက တက်တူးဆရာကို ဝေဖန်နေကြတာ တွေ့ရပါတယ် ပရိသတ်ကြီးရေ။ လက်ရှိမှာတော့ သူတို့နှစ်ဦးဟာ ဝါသနာပါရာ လမ်းကြောင်းပေါ်မှာ လျှောက်လှမ်းနေကြပြီး ပရိသတ်တွေရဲ့ အားပေးမှုအခိုင်အမာ ရရှိထားကြပါတယ်။ အများအားကျရတဲ့ သူတို့နှစ်ယောက်ရဲ့ ကြည်နူးစရာဓာတ်ပုံလေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်.......

Source: Yair Yint Aung- Yamily

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။