အနုပညာလောကရဲ့ ထိပ်တန်း နာမည်ကြီး မင်းသားတစ်လက်ဖြစ်သလို ပရိသတ်အားပေးမှု အပြည့်အဝရရှိထားသူလည်းဖြစ်တဲ့ အောင်ရဲလင်း ရဲ့ ဓာတ်ပုံအချို့ဟာ လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့လို့နေပါတယ်။ မြန်မာမင်းသားတွေထဲမှာ ဘော်ဒီတောင့်တောင့် ရုပ်ဖြောင့်တဲ့ မင်းသားတစ်လက်ဖြစ်ပြီး မိန်းကလေးပရိသတ် အများစုရဲ့ အားပေးမှုကို ရရှိထားသူလည်း ဖြစ်ပါတယ်။ 

လတ်တလော လူမှုစာမျက်နှာထက်မှာတော့ မင်းသားအောင်ရဲလင်းရဲ့ ဓာတ်ပုံတွေဟာ လူစိတ်ဝင်စားစရာ ဖြစ်လို့နေပါတယ်။ စိတ်ဝင်စားရတဲ့ အကြောင်းကတော့ ကောင်မလေးတစ်ဦးနဲ့ ရင်းနှီးကျွမ်းဝင်စွာ ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေကြောင့်ဖြစ်ပါတယ်။ လက်ရှိမှာတော့ ဒီဓာတ်ပုံတွေဟာ ပျံ့နှံ့နေပြီး အောင်ရဲလင်းရဲ့ ပရိသတ်တွေကတော့ ထိုကိစ္စနဲ့ပတ်သတ်ပြီး အတော်လေးသိချင်နေကြတယ်လို့ သိရပါတယ်။

အောင်ရဲလင်းဟာ လက်ရှိမှာ အောင်မြင်ကျော်ကြား ရေပန်းစားလျက်ရှိတဲ့ နေခြည်ဦးနဲ့ (၂) နှစ်ကြာ တွဲခဲ့ကြပြီး တွဲနေစဉ်အတွင်းမှာလည်း ပရိသတ်တွေရဲ့ အားပေးမှုကို အပြည့်အဝရရှိခဲ့ကြပါတယ်။ သို့ပေမဲ့ အကြောင်းကြောင်းကြောင့် နှစ်ဦးသဘောတူ ပြတ်ဆဲခဲ့ကြပြီး လျှောက်လှမ်းနေတဲ့ လမ်းကြောင်းတွေမှာ အောင်မြင်နေကြပါတယ်။ လက်ရှိမှာလည်း ဓာတ်ပုံအသစ်တွေ ထပ်မံပေါ်ထွက်လာပြီး ပရိသတ်တွေကတော့ ဒီကိစ္စနဲ့ပတ်သတ်လို့ အတော်လေးစိတ်ဝင်စားနေကြပါတယ်။ သို့ပေမဲ့လည်း အခုချိန်ထိ နှစ်ဖက်လုံးက ပြန်လည်ဖြေရှင်းလာတာမျိုး မရှိသေးတာကို တွေ့ရပါတယ်။ 

Source: Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။