ပရိသတ်အချစ်တော် မင်းသမီးချောတစ်လက်ဖြစ်တဲ့ ရွှေမှုံရတီကတော့ ပရိသတ်တွေနဲ့ မီဒီယာတွေကို အသိပေးစကားပြောလိုက်ပါတယ်..။

ပြီးခဲ့တဲ့ လပိုင်းက မင်းသမီး ရွှေမှုံရတီဟာ အင်တာဗျူးတွေကို (၂)လကြာ ရပ်နားထားပါမယ်ဆိုပြီး အင်တာဗျူးတစ်ခုမှာ ဖြေဆိုခဲ့ဖူးပါတယ်..။

အဲ့ဒီနောက်ပိုင်း မီဒီယာတွေနဲ့ အင်တာဗျူးတွေကြား ပျောက်ကွယ်နေပြီး သူမရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာတော့ သူမရဲ့ ခရီးသွားပုံရိပ်လေးတွေနဲ့ အလှဓာတ်ပုံလေးတွေကိုသာ တင်တာ တွေ့ရပါတယ်..။

ဒါပေမပယ့် အခုအခါမှာတော့ မင်းသမီး ရွှေမှုံရတီတစ်ယောက် မီဒီယာတွေနဲ့ အင်တာဗျူးတွေကို ပြန်လည်ဖြေဆိုမယ့်အကြောင်းကို အသိပေးပြောပြလာပါတယ်..။

သူမအနေနဲ့ ပြီးခဲ့တဲ့လတွေတုန်းက အင်တာဗျူးရပ်နားထားခဲ့ရတာဟာ သူမရဲ့ကိုယ်ရေးကိုယ်တာ အခက်အခဲလေးတွေကြောင့် ဖြစ်ပြီး နားလည်ပေးကြဖို့လည်း တောင်းပန်စကားလေး ပြောထားပါသေးတယ်..။

အင်တာဗျူးတွေကိုတော့ လာမယ့် ဇန်နဝါရီ (၂၁)ရက်နေ့ကနေ စတင်ပြီး ပြန်လည် လက်ခံဖြေဆိုမှာ ဖြစ်တယ်လို့ ဆိုပါတယ်..။

အင်တာဗျူးတွေ ပြန်လည်ဖြေဆိုမယ့်အကြောင်းကိုတော့ မင်းသမီးချောလေး ရွှေမှုံရတီက သူမရဲ့ ဖေ့စ်ဘွတ်စာမျက်နှာကနေ အသိပေးပြောပြထားတာ ဖြစ်ပါတယ်..။

“21.1.18 မှစ ၍ သမီးရွှေမှုံရတီ သည် အင်တာဗျူးအား ပြန်လည် လက်ခံ ဖြေဆိုမည် ဖြစ်ကြောင်း လေးစားစွာဖြင့် မီဒီယာများ အသိပေးအပ်ပါသည်..

သမီး ဒီရှေ့လပိုင်းများတွင် အင်တာဗျူးမဖြေ ဆိုခြင်းသည် ကိုယ်ရေးကိုယ်တာ အခက်အခဲလေးများရှိ သဖြင့် မီဒီယာများ အားလုံး နားလည်ပေးပါရန် လေးစားစွာ အနူးညွှတ်တောင်းပန်ပါသည်ရှင်..” ဆိုပြီး ရေးသား အသိပေး ပြောကြားထားတာ ဖြစ်ပါတယ်..။

မင်းသမီးချောလေး ရွှေမှုံရတီကတော့ လတ်တလောမှာ ပဲရစ်မြို့ကို အပန်းဖြေခရီးရောက်ရှိနေတာ ဖြစ်တယ်လို့ သိရပါတယ်..။

Source - ရွှေမှုံရတီ fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။