မြန်မာ့လက်ရွေးစင်အမျိုးသမီးဘောလုံးအသင်းဟာအာဆီယံ

ထိပ်သီးအဆင့်ရှိပေမယ့်ထိုင်း၊ဗီယက်နမ်တို့နောက်မှာတော့

တော်တော်ဝေးဝေးကျန်ရစ်ခဲ့ပါတယ်။မြန်မာအမျိုးသမီး

အသင်းဘာလို့ဒီလိုကျန်နေခဲ့ရလဲဆိုတာကောက်ချက်ဆွဲကည့်တော့မျိုးဆက်ပြတ်လပ်မှုကြောင့်

လို့အားလုံးတစ်ညီတစ်ညာတည်းမှတ်ချက်ပြုခဲ့ကြပါတယ်။ဒါကြောင့်ကစားသမား

ရင်းမြစ်တွေစဉ်ဆက်မပြတ်မွေးထုတ်ပေးနိုင်ရေးအတွက်

KBZ Women League ဆိုပြီးခြိမ့်ခြိမ့်သဲကျင်းပနေပါတယ်။

ဒီနှစ်နဲ့ဆိုရင်နှစ်နှစ်ရှိပါပြီ။

KBZ Women Leagueရဲ့ရည်မှန်းချက်အောင်မြင်တယ်လို့

ဆိုရမယ့်အချက်ကမြတ်နိုးခင်လိုခြေစွမ်းထက်မြက်တဲ့တိုက်စစ်

မှူးလေးတွေအော်လာတာပဲ။မြတ်နိုးခင်ဟာဒီနှစ်ဘောလုံး

ရာသီမှာYEROအသင်းမှာအကောင်းဆုံးခြေစွမ်းပြနေပြီး

မနေ့ကကစားခဲ့တဲ့ဂန္ဓမာအသင်းနဲ့ပွဲမှာဟက်ထရစ်ရယူ

ခဲ့ပါတယ်။ဂန္ဓမာနဲ့မကစားခင်ရှေ့တစ်ပွဲဖြစ်တဲ့ဗာစီတီနဲ့ပွဲမှာလည်းသူဟက်ထရစ်ရယူနိုင်ခဲ့ပါတယ်။

ဗာစီတီနဲ့ပွဲမှာဆိုရင်သူတစ်ယောက်တည်းရှစ်ဂိုးသွင်းယူခဲ့တာပါ။ဂန္ဓမာနဲ့ပွဲရောဗာစီတီနဲ့ပွဲမှာပါမြတ်နိုးခင်အကောင်းဆုံး

ဆုရရှိခဲ့ပါတယ်။

မြတ်နိုးခင်ကိုတစ်ချိန်မှာမြန်မာ့လက်ရွေးစင်အသင်းကြီး

အတွက်အားခါးရမယ့်တိုက်စစ်မှူးလို့ဇွဲကပင်အမျိုးသမီး

နည်းပြဇင်မာဝမ်းကမှတ်ချက်ပေးထားပါတယ်။မြတ်နိုးခင်ဟာ

သက်တမ်းအလိုက်ပြိုင်ပွဲတွေမှာလည်းနိုင်ငံ့လက်ရွေးစင်

အဖြစ်ပါဝင်ခြေစွမ်းပြကစားထားတာတွေ့ရပါတယ်။

သူကစားခဲ့တဲ့သက်တမ်းအလိုက်ပြိုင်ပွဲတွေကတော့

2015ဗီယက်နမ်မှာကျင်းပတဲ့U-13 Girl's Football Fastival ၊2016ဂျပန်မှာကျင်းပခဲ့တဲ့U-14 Girl's Football Fastival ၊2016 ဗီယက်နမ်မှာကျင်းပခဲ့တဲ့

U-14 Girl's Football Fastival ၊

2017လာအိုမှာကျင်းပတဲ့U-14 Girl's Football Fastival

နဲ့2017မှာပဲလာအိုမှာကျင်းပသွားတဲ့U-15 AFF Women's Championship ပြိုင်ပွဲတို့ဖြစ်ပါတယ်။ထွန်းတောက်လာမယ့်

မြတ်နိုးခင်ရဲ့ခြေစွမ်းကိုဆက်လက်စောင့်ကြည့်ကြရအောင်ပါ။

source-kbz women league


"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။