လီဗာပူးလ်အသင်းခေါင်းဆောင်ဟောင်း စတီဗင်ဂျရတ်ဟာ လီဗာပူးလ် ယူ ၂၃အသင်း နည်းပြအဖြစ် ပြန်လာဖို့ နီးစပ်နေပါတယ်။ အသင်းနဲ့ပရိသတ်ကတော့ ဂျရတ် အသင်းသို့ပြန်လာစေချင်ကြပြီး ဂျရတ်က ၂၀၁၄။၂၀၁၅ ရာသီတုန်းက မေဂျာလိဂ်ကလပ်အသင်းတခုဖြစ်တဲ့ LA ဂလက်ဆီအသင်းကိုပြောင်းသွားတာဖြစ်ပါတယ်။

အခုတော့ လီဗာပူးလ်အသင်းရဲ့ လူငယ်နည်းပြဖြစ်တဲ့ ဘေးလ်က ဘရာဇီးကလပ်တခုဖြစ်တဲ့ ဆာပေါ်လိုအသင်းကို လက်ထောက်နည်းပြရာထူးနဲ့ ထွက်ခွာသွားတာကြောင့် လစ်လပ်နေတဲ့ ရာထူးအတွက် ဂျရတ်က အသစ်ခန့်အပ်မည့် နည်းပြစာရင်းမှာ ပါ၀င်နေပါတယ်။

ကလော့ပ် ကလည်း ဘေးလ်ထွက်ခွာသွားတဲ့ နေရာအတွက် အသက် ၃၆ နှစ်အရွယ် ဂျရတ်ကို အသင်းမှာ ပြန်လည်မြင်တွေ့ဖို့ မျှော်လင့်နေတယ်လို့လည်း သိရပါတယ်။

စတီဗင်ဂျရတ်ဟာ ပြီးခဲ့တဲ့ ရက်သတ္တပါတ်ကပဲ ကစားသမားဘဝကနေ အနားယူပြီး ဘဝအသစ်စတင်နေပါတယ်။

Photo - getty images

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။