ဒီကနေ့ရဲ့နေ့လည်ခင်းလေးမှာတော့ နေရောင်အောက်မှာတောက်ပနေတဲ့ အမဲရောင်ပန်းပွင့်လေးတစ်ပွင့်ကတော့ ရင်ကိုတကယ်ထိစေပါတယ်။ ထိုပန်းပွင့်လေးကတော့ နေရောင်အောက်မှာလှပနေတဲ့ နန်းစုပဲဖြစ်ပါတယ်။ သူမရဲ့ခွေးလေး jet ko နဲ့ဆော့ကစားနေတဲ့ပုံရိပ်လေးတွေကို ပရိတ်သတ်တွေအတွက်သူမက တင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။

သူမရဲ့ခွေးလေး jet ko နဲ့ပျော်ရွှင်စွာ ဆော့ကစားနေတဲ့ပုံရိပ်လေးတွေအောက်မှာတော့ အဆိုတော် g fatt က စကားလုံးလေးတွေနဲ့ စနောက်ကျီစယ်ခဲ့ပါတယ်။ ကျီးစယ်ခဲ့ပုံလေးကတော့ “ Jet Ko လေးရေ ဦးနဲ့မဆော့ရလို့ မပျော်တဲ့ရုပ်ကလေးနော် ၊ Jet Ko လေးသခင်လိုကောက်မနေနဲ့ဦး “ ဆိုပြီးစနောက်ကျီစယ်ခဲ့တာပဲဖြစ်ပါတယ်။ သူတို့နှစ်ယောက်ကတော့ တယောက်နဲ့တစ်ယောက် အပြန်အလှန်ပျော်ရွှင်စွာ ကျီစယ်နေတတ်ပြီး ချစ်သူဘဝကို ပျော်ပျော်ရွှင်ရွှင်လေးဖြတ်သန်းနေထိုင်တဲ့သူ နှစ်ယောက်လို့မြင်မိပါတယ်။

ပရိတ်သတ်ကြီးရောသူတို့နှစ်ယောက်ကို သတောတူကြတယ်မလား။ သီးချင်းအမိုက်စားတွေဖန်တီး သီဆိုရာမှာ ကျွမ်းကျင်တဲ့ g fatt နဲ့ သရုပ်ဆောင်တဲ့နေရာမှာလဲကျွမ်းကျင်ပြီး သီဆိုတာလဲကောင်းမွန်တဲ့ နန်းစု တို့က နေနဲ့လ ရွှေနဲ့မြလိုပါပဲ။ပရိတ်သတ်ကြီးရော သူတို့နှစ်ယောက်လို စိတ်တူကိုယ်တူ ၊ ဝါသနာတူ ချစ်သူလေးနဲ့ ဘဝကိုပျော်ပျော်ရွှင်ရွှင်မဖြတ်သန်းချင်ကြဘူးလား

source - Nansu Yati Soe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။