ဇန်နဝါရီလ ၁၅ ရက်နေ့ ညနေပိုင်းအချိန် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် မော်ဒယ်တစ်ဦး စိတ်ကြွ ရူးသွပ်ဆေးပြားများနှင့်အတူ ဖမ်းမိလိုက်တယ်လို့ သိရပါတယ်။ ဖမ်းဆီးရမိခဲ့တဲ့ အောင်သူ(ခ) ဂုဏ်စိုးစံ အောင်သူ အမည်ရှိတဲ့ ၎င်းဟာ ပုသိမ်မြို့၊ အမှတ်(၄) ရပ်ကွက်မှာနေထိုင်တာဖြစ်ပြီး ပုသိမ်အခြေစိုက် မော်ဒယ်လ်တစ်ဦးဖြစ်တယ်လို့လည်း သိရပါတယ်။အဆိုပါ ဖြစ်စဉ်မှာတော့ ပုသိမ်မြို့၊ အမှတ်(၄) ရပ်ကွက်၊ မြို့တော်ခန်းမရှေ့တွင် အောင်သူရဲ့ ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရာမှ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့တာ ဖြစ်တယ်လို့ မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့စုမှူရုံး(ပုသိမ်)မှ ရဲအရာရှိတစ်ဦး ကပြောပါတယ်။ 

ပုသိမ်မြို့တော်ခန်းမရှေ့တွင် မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့စုမှူရုံး(ပုသိမ်)မှ ရဲအုပ် သင်းအောင် အောင်မျိုး၊ တပ်ဖွဲ့ဝင်များနှင့် သက်သေရပ်ကွက်လူကြီးများပါဝင်တဲ့ အဖွဲ့ဟာ မူးယစ်ဆေးဝါး သတင်းအရ စောင့်ဆိုင်းနေစဉ် အဆိုပါ မော်ဒယ်ရဲ့ zhineng-125 အမျိုးစား အနက်ရောင်မော်တော်ဆိုင်ကယ် အား ရပ်တန့်စစ်ဆေးခဲ့ တာပဲဖြစ်ပါတယ်။အဆိုပါ မော်ဒယ်ဆိုသူအားဆက်လက်စစ်ဆေးခဲ့ရာ ၎င်းဝတ်ဆင်ထားတဲ့ ဘောင်းဘီရှည် ဘယ်ဘက် အောက်အိတ်ကပ် အတွင်းမှ အဖြူရောင် ပလပ်စတစ်အိပ်အတွင်းထည့်ထား 88/1 စာတမ်းပါ နီညိုရောင် စိတ်ကြွရူးသွပ်ဆေးပြား (၃)ပြား၊ ငွေစက္ကူရောရာ (၄၅၀၀ိ/)ကျပ် အဖြူရောင်လက်ကိုင် ဖုန်းတလုံး တို့ကို တွေ့ရှိခဲ့ရတာပဲဖြစ်ပါတယ်။

ဆက်လက်ပြီး ၎င်းနေထိုင်ရာ ပုသိမ်မြို့၊ အမှတ် (၃) ရပ်ကွက် ရွှေမင်္ဂလာလမ်းမှ တိုက်ခန်းအား ရပ်ကွက်လူကြီး များနှင့် မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့ မှသွားရောက်စစ်ဆေး ခဲ့ရာ အိပ်ခန်းအတွင်း အဝတ်ဗီဒို အတွင်း မျက်မှန်ထည့်တဲ့အိတ်ထဲမှာ 88/1 စာတမ်းပါ နီညိုရောင် စိတ်ကြွရူးသွပ် ဆေးပြား(၅၅)ပြား၊ 88/1 စာတမ်းပါ အစိမ်းရောင်စိတ်ကြွဆေးပြား (၇)ပြား အစိမ်းရောင်ဆေးပြား အကျိုးအကြေ(0.3)ဂရမ်တို့အား ရှာဖွေသိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။ လက်ရှိမှာတော့ မူးယစ်ဆေးဝါးများနှင့်အတူဖမ်းဆီးရမိခဲ့တဲ့ အောင်သူ(ခ) ဂုဏ်စိုးစံအောင်သူအား ပုသိမ်နယ်မြေရဲစခန်းတွင် မယ(ပ) ၂/၂၀၁၈ မူး/စိတ် ပုဒ်မ ၁၅/၁၉(က)/၂၀(က)ဖြင့် အမှုဖွင့်အရေးယူထားတယ်လို့ သိရပါတယ်။ 

သတင်းအရင်းအမြစ် - အောင်အောင်(ပုသိမ်)

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။