နာမည်ကျော်သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ ဖြိုးငွေစိုးတစ်ယောက် သူဝတ်တဲ့အင်္ကျီရဲ့တန်ဖိုး ကြောင့် လူတစ်ယောက်ရဲ့ပြောဆိုဝေဖန်မှုကိုခံခဲ့ရပါတယ်။ အနုပညာသမားတွေကို လူတိုင်း လိုလိုက စောင့်ကြည့်နေကြတာဖြစ်ပါတယ်။ ကိုယ့်ကိုကြည့်နေတဲ့သူတွေထဲမှာ ကိုယ့်ပရိတ် သတ်ဟုတ်တာရော မဟုတ်တာရောပါတဲ့အတွက် အဆိုးဖက်ကကြည့်ပြီး ဝေဖန်သူကတော့ အမြဲလိုလိုရှိနေဦးမှာပါပဲ။ အနုပညာသမားဆိုတာလဲ လူထဲကလူပဲမို့ တစ်ချို့ဝေဖန်မှုတွေ ဟာ သူတို့ရဲ့စိတ်ထဲကို အတော်လေး ထိထိခိုက်ခိုက်ဖြစ်သွားမိတဲ့ အခိုက်အတန့်တွေရှိ တတ်ပါတယ်။

ဒီနေ့မှာတော့ ဖြိုးငွေစိုးရဲ့ Facebook မှာ လူတစ်ယောက်က သူ့ကိုဝေဖန်တာနဲ့ပက်သက်ပြီး တော့ ရေးသားထားတာကိုတွေ့ရပါတယ်။ မင်းသားတစ်ယောက်ဖြစ်ပြီး တစ်သောင်းခွဲတန် အင်္ကျ ီဝတ်လို့ ဝေဖန်တာပဲဖြစ်ပါတယ်။ ဒါကိုဖြိုးငွေစိုးအနေနဲ့ ပြန်လည်ပြောဆိုတုံ့ပြန်ထား တာကိုရေးသားထားတာ ဖြစ်ပါတယ်။ အနုပညာသမားတိုင်းဟာ သူဌေးတွေမဟုတ်ကြတဲ့ အတွက် ကိုယ့်အတိုင်းအတာနဲ့ကိုယ် အဆင်ပြေတာလေးကို ရွေးချယ်ဝတ်ကြတာ သဘာဝပါ ပဲ။ မင်းသားမင်းသမီးဖြစ်လို့ ဈေးကြီးတာတွေပဲ ဝယ်ဝတ်ရမယ်ဆိုတဲ့ပုံစံကတော့ အနုပညာ သမားတိုင်းအတွက် အဆင်မပြေလှပါဘူး။

ဖြိုးငွေးစိုက သူ့ရဲ့ Facebook မှာ “ လူတစ်ယောက်ကပြောတယ်ဗျာ ဒီမင်းသား တစ်သောင်း ခွဲတန်တီရှပ်ဝတ်တယ်ဗျာမင်းသားကလဲတဲ့ ဟာ ဘာပြန်ပြောရမလဲတချက်မိသွားတယ် ပြီးတော့မှ သူ့အနားကိုတော်တော်လေးကပ်လိုက်တယ်အဲဒီမှာစပြောတော့တာဘဲ (ဒီမှာ ဆရာ ဝတ်တော့ ဘာဖြစ်လို့လဲ ကျုပ်တသက်လုံးဈေးကြီးတဲ့အဝတ်အစားမဝတ်ဘူး အဲဒါ အဓိပါ္ပယ်ရှိတယ်လို့မယုံလို့ တောင်းလဲသူ့ဖွဲ့စည်းပုံနဲ့ကိုက်မဲ့အကွပ်ဘဲလိုတာ လူလဲ သူ့ဖွဲ့စည်းပုံနဲ့ကိုက်တဲ့အဝတ်ဘဲလိုတာဗျ ဒီလောက်အရာရာရှာဖွေရခက်တဲ့ဂြိုလ်မှာနေပြီး သက်သာအောင်နေပါ တခြားကိစ္စတွေအများကြီး ရှိတယ် သုံးစရာတွေ ဒီမှာမဝယ်နိုင်လို့ ပြောတာတော့ဟုတ်တယ် ဒါပေမဲ့ ဝယ်နိုင်လဲမဝယ်ဘူးဗျ တခြားဟာဝယ်မယ် ဘာလဲဗျာ တစ်သောင်းခွဲတန်ဝတ်တာဘာဖြစ်လို့လဲ ခင်ဗျားမိန်းမကြီးက ခင်ဗျားကိုဘယ်လောက်တန် ဝတ်မှလူလို့ပြောထားလို့လဲဟင်) ဆက်တိုက်ပြောလိုက်တာပါ သူ့လက်ကိုလဲဆွဲညစ်ထား သေးတယ် ဒီတော့မှသူကလက်ကိုပြန်ဆွဲပြီးခါရင်းပြောတယ် ခင်ဗျားကလဲ စောက်ရမ်း မလုပ် နဲ့နာတယ်ဗျ ဘာပြောလို့လဲတစ်သောင်းခွဲတန်ဝတ်တယ်နော်လို့ပြောတာ ဘာများမှားလို့လဲ ဒီတိုင်းပျင်းလို့ပြောတာကို ခင်ဗျားကလဲစောက်ရမ်း ... ” ဆိုပြီးတင်ထားတာ ဖြစ်ပါတယ်။ ဝေဖန်မှုဟာ လူတစ်ယောက်ကို တိုးတက်စေနိုင်သလို အဆိုးဆုံးအခြေအနေတစ်ခုထိ ရောက်အောင်လည်းတွန်းပို့နိုင်ပါတယ်။ တစ်ယောက်ယောက်ရဲ့အခြေအနေကို သေချာမသိပဲ ဝေဖန်ပြောဆိုမှုတွေမလုပ်တာ အားလုံးအတွက်အကောင်းဆုံးပါပဲ။

Source – Phyu Ngwesoe’s FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။