နာမည်ကျော်မင်းသားတစ်ဦးဖြစ်ပြီး ပရိတ်သတ်တွေရဲ့အသည်းကျော်တစ်ဦးဖြစ်တဲ့ မြင့်မြတ်က တော့ မကြာခင်မှာ ဖေဖေရာထူးကိုတိုးတော့မှာမို့ အရမ်းကိုပျော်နေပါတယ် ပရိတ်သတ် ကြီးရေ။ ရုပ်ရှင် ဇာတ်ကားတွေ အများအပြားရိုက်ကူးခဲ့ပြီး ပရိတ်သတ်အားပေးမှုကို အပြည့် အဝရရှိခဲ့တဲ့ ဂျင်းကောင် ကတော့ သီတင်းကျွတ်မတိုင်ခင်မှာ ရာထူးတော့မှာပဲဖြစ်ပါ တယ်။ ဂုဏ်ယူပါတယ် မြင့်မြတ်ရေ။ မိန်းမကိုယ်ဝန်ရှိနေတာကို အစကတော့မသိခဲ့ဘူးလို့ ဆိုပါတယ်။ နေမကောင်းဖြစ်တဲ့အချိန် ဆရာဝန်ခေါ်ပြီးပြတော့မှ ကိုယ်ဝန်ရှိနေမှန်းသိရပြီး နှစ်ယောက်သားအရမ်းကိုပျော်ခဲ့တယ်လို့ဆိုပါ တယ်။

မြင့်မြတ်အနေနဲ့တော့ သားလေးလိုချင်တာဖြစ်ပြီး ဇနီးဖြစ်သူအားလျန်ကတော့ မိန်းကလေး လိုချင်တာ ပါလို့ဆိုပါတယ်။ မွေးလာတဲ့ကလေးလေးက ဘာလေးပဲဖြစ်ဖြစ် ကိုယ့်သွေးသားမို့ ချစ်ရမှာပါပဲလို့ ဆိုပါ တယ်။ လောလောဆယ်တော့ ဆရာဝန်ညွှန်ကြားတဲ့အတိုင်းပဲ မိခင်ကိုဂရုစိုက်နေတယ်လို့ ဆိုပါတယ်။ ကိုယ်ဝန်ကတော့ (၂)လရှိနေပြီဖြစ်ပြီး ကလေးက နှလုံးခုန်စပဲရှိသေးတယ်လို့ဆိုပါတယ်။ ယောကျာ်းလေးလား မိန်းကလေးလားဆိုတာတော့ ခွဲခြားလို့မသိသေးပါဘူးလို့ဆိုပါတယ်။ အရင်တုန်းက ကလေးမရသေးဘူးလားလို့ မေးကြတာ တွေလည်းရှိတယ်လို့ဆိုပါတယ်။

လတ်တလောခံစားချက်ကတော့ အရမ်းကိုပျော်နေတယ်လို့ဆိုပါတယ်။ လူ့လောကထဲ ရောက်လာမယ့်ကလေးကို အများကြီးပိုဂရုစိုက်ရမယ်လို့ဆိုပါတယ်။ ဇနီးမောင်နှံ နှစ် ယောက် စဉ်းစားတိုင်ပင်ထားတာတော့ သားသမီးနှစ်ယောက်ယူမှာဖြစ်ပါတယ်။ သားလေး တစ်ယောက် သမီးလေးတစ်ယောက် ယူမှာဖြစ်တယ်လို့ဆိုပါတယ်။ ကလေးရစေချင်နေတဲ့ ပရိတ်သတ်တွေရှိတာကြောင့် ခုဆိုရင် သူတို့ဆန္ဒအတိုင်း ရင်သွေးလေးရပြီလို့ဆိုပါတယ်။ မကြာခင် ဖေဖေဖြစ်တော့မယ့် ဂျင်းကောင်းကို ဂုဏ်ပြုစကားလေးပြောပေးသွားပါဦး ပရိတ် သတ်ကြီးရေ။

Source – Myanmar Celebrity

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။