ဆွဲဆောင်မှုရှိပြီး ညို့အားပြင်းတဲ့ အပြုံးပိုင်ရှင် အလှမယ်ရွှေအိမ်စည် ကတော့ အနုပညာလောက မှာ တစ်စ ထက်တစ်စ နာမည်ကြီး ရေပန်းစားလာသူလေးပဲ ဖြစ်ပါတယ်။International Miss ပြိုင်ပွဲတွေ မှာလည်း သရဖူတွေရရှိပိုင်ဆိုင်ခဲ့ပြီး ပရိသတ်အချစ်တွေနဲ့ စိတ်ဝင်တစားစောင့်ကြည့် အားပေး ခြင်းခံနေရတာ ပဲဖြစ်ပါတယ်။ဒီနေ့မှာလည်း သူမရဲ့လှပပြီးဆွဲဆောင်မှုရှိလှတဲ့ ခန္ဓာကိုယ်ကောက် ကြောင်းအလှတွေကို ထပ်မံ ထုတ်ဖော်ပြသလိုက်ပြန်ပြီပဲဖြစ်ပါတယ်။

ရွှေအိမ်စည်ရဲ့ပုံရိပ်လေးတွေကတော့ ပင်လယ်မှာပျော်တဲ့ ရေသူမလေး အလားထင်မှတ်ရအောင်ကို လှပလွန်းနေ တာပဲဖြစ်ပါတယ်။ငွေရောင်သဲသောင်ပြင်လေးနဲ့ အပြာနုနု အဏ္ဏဝါ ပင်လယ်ပြင်ကြီး ကတော့ သူမအလှတွေကို ပိုမိုဆွဲဆောင်မှု ရှိနေစေတာပဲဖြစ်ပါတယ်။မြင်ရသူ ပရိသတ်အပေါင်းက လည်း တကယ်ကို ဟာကနဲဟင်ကနဲ အံ့သြသွားရလောက်တဲ့ သူမရဲ့ ဘော်ဒီကောက်ကြောင်းအလှ ပုံရိပ်လေးတွေပဲဖြစ်ပါတယ်။ 

ပရိသတ်အချစ်တော် ရွှေအိမ်ည်ရဲ့ ပုံရိပ်လေးတွေကတော့ မြန်မာနိုင်ငံရဲ့ အလှဆုံးကမ်းခြေတွေ ထဲကတစ်ခုဖြစ်တဲ့ ငပလီကမ်းခြေမှာ ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ငပလီမှာ သူမရဲ့ အနုပညာ ခြေလှမ်းအသစ်လေးအတွက် ရိုက်ကူးမှုလေးသွားရောက် ပြုလုပ်ခဲ့တာပဲဖြစ်ပါတယ်။ချစ်စရာ ကောင်းပြီး ဆွဲဆောင်မှု ရှိလှတဲ့ သူမရဲ့ အလန်းစားကမ်းခြေပုံရိပ်လေးတွေ ကိုလည်းချစ်ပရိသတ် တွေ အတွက်မျှဝေပေး လိုက်ပါတယ်နော်။ 

သတင်းအရင်းအမြစ် - ရွှေအိမ်စည် 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။