တေးသီချင်းအလန်းများကို သီဆိုပေးနေတဲ့ အဆိုတော် G Fatt ကို ပရိသတ်များ ကြိုက်ကြမယ်ထင်ပါတယ်။ မကြာသေးမီက ဟာသရုပ်ပုံလေးတစ်ခုကြောင့် စိတ်ညစ်ခဲ့ရပေမယ့် ပရိသတ်များရဲ့ အားပေးမှုကြောင့် ပျော်ရွှင်ခဲ့ရကြောင်း သိရပါတယ်။ City FM ကကျင်းပခဲ့တဲ့ ၁၆နှစ်မြောက် ဆုပေးပွဲတွင် ၂၀၁၇ ခုနှစ်အတွက် သီချင်းတောင်းဆိုမှုအခံရဆုံး အမျိုးသားတေးသံရှင်ဆုကို ရရှိခဲ့သူတစ်ဦးလည်းဖြစ်ခဲ့ပါတယ်။ 

အဆိုတော် G Fatt ကတော့ လက်ရှိမှာ အပျော်ဆုံးညတစ်ညဖြစ်ခဲ့တဲ့ အဆိုပါ City FM ၁၆ နှစ်မြောက်ပွဲလေးပဲဖြစ်ပါတယ်။အဆိုတော် G Fatt ရဲ့ အကောင့်တွင် သူ့ရဲ့အပျော်ဆုံးညတစ်ညဖြစ်ကြောင်း ကို ရေးသားထားခဲ့ပါတယ်။ အဆိုတော် G Fatt ရဲ့ စာသားလေးကတော့ " ဒီည ဟာ ကိုယ့် ဘဝရဲ့ အပျော်ဆုံးညတွေထဲက တစ်ညပဲ " ဟူ၍ရေးသားထားခဲ့တာပဲဖြစ်ပါတယ်။

အဆိုတော် G Fatt ချစ်ပရိသတ်များကလည်း မကြာသေးမီက သူ့ရဲ့ ဓာတ်ပုံနှင့် ထွက်ရှိမယ့် အခွေနာမည်ကို ပါ တက်တူး ထိုးခဲ့ကြောင်း ရေးသားတင်ပြထားပါတယ်။ ပရိသတ်အခိုင်အမာ ရှိနေတဲ့ ပရိသတ်အချစ်တော် G Fatt ကတော့ သူ့ ဘဝမှာ အပျော်ဆုံးညတွေထဲက တစ်ညဖြစ်ခဲ့ကြောင်း ကိုရေးသားတင်ပြခဲ့ပါတယ်။ ပရိသတ်ကြီးအတွက် ပျော်ရွှင်စရာတွေ ရှိခဲ့တဲ့ G Fatt ရဲ့ ညတစ်ညအကြောင်း မျှဝေပေးလိုက်ပါတယ်။

Source - G Fatt 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။