ပရိသတ်တွေ အားပေးချစ်ခင်ရတဲ့ ဆယ်လီနှစ်ဦးဖြစ်တဲ့ အလှမယ် ဟန်သီနဲ့ အဆိုတော် X Box ကတော့ တရုတ်ပြည်ကို ရောက်ရှိနေတယ်လို့ သိရပါတယ်..။

တရုတ်နိုင်ငံကို ကြော်ငြာရိုက်ကူးရေးအတွက် ပြီးခဲ့တဲ့ ရက်ပိုင်းလောက်ကတည်းက ရောက်ရှိနေတာ ဖြစ်တယ်လို့လည်း ဆိုပါတယ်..။

သူတို့နှစ်ဦးကတော့ OPPO ဖုန်းကြော်ငြာရိုက်ကူးရေးအတွက် တရုတ်နိုင်ငံ Shenzhen ကိုရောက်ရှိနေကြတာ ဖြစ်ပါတယ်..။

ရိုက်ကွင်း ပုံရိပ်လေးတွေကိုလည်း X Box နဲ့ ဟန်သီတို့က သူတို့ ဖေ့စ်ဘွတ်စာမျက်နှာတွေကနေ ပရိသတ်တွေကို ပြန်လည်မျှဝေထားတာ တွေ့ရပါတယ်..။

တရုတ်ပြည်ကို ရိုက်ကူးရေးနဲ့ ရောက်ရှိနေကြတဲ့ သူတို့နှစ်ဦးကတော့ လိုက်ဖက်ညီညီနဲ့ ကြော်ငြာရိုက်ကူးနေကြတာ တွေ့ရပါတယ်..။

ချစ်စရာကောင်းပြီး လိုက်ဖက်ညီတဲ့ သူတို့ရဲ့ ရိုက်ကွင်းပုံရိပ်လေးတွေကိုလည်း ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်..။

အဆိုတော် Xbox နဲ့ အလှမယ် ဟန်သီတို့ကတော့ အနုပညာလောကမှာ ပရိသတ်တွေရဲ့ အားပေးမှုတွေကို အခိုင်အမာ အသီးသီး ရရှိပိုင်ဆိုင်ထားတာလည်း ဖြစ်ပါတယ်..။

အဆိုတော် Xbox ဟာ တေးသီချင်းစာသားလန်းလန်းလေးတွေနဲ့ တေးသီချင်းကောင်းလေးတွေကြောင့် ဂီတ အနုပညာလောကမှာ လူငယ်ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို ရရှိပိုင်ဆိုင်ထားတာ တွေ့ရပါတယ်..။

အလှမယ်တစ်ဦးဖြစ်တဲ့ မော်လ်ဒယ်သရုပ်ဆောင် ဟန်သီကတော့ အလှမယ် မော်လ်ဒယ် တစ်ဦးအဖြစ် အနုပညာလောကထဲကို ဝင်ရောက်လာပြီး လတ်တလောမှာလည်း ကြော်ငြာများ ရိုက်ကူးပေးနေပြီး ဓာတ်ပုံ၊ မဂ္ဂဇင်း ကြော်ငြာများလည်း ရိုက်ကူးပေးနေတယ်လို့ သိရပါတယ်..။

Source – XBox ၊ ဟန်သီ fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။