သပွတ်အူကို ပန်းကန်ဆေးခြင်း၊ အိုးတိုက်ခြင်း၊ ချေးတွန်းခြင်းအတွက် အသုံးပြုကြပါတယ်။နုတဲ့အချိန်မှာ ချက်စားကြပြီး ရင့်လာရင်တော့ ချက်မစားကြတော့ပါဘူး။ ကာဗိုဟိုက်ဒရိတ် ၊ဗီတာမင်အေ၊ ပိုတက်စီယမ်၊ မဂ္ဂနီစီယမ်၊ ကော့ပါး၊ ဗီတာမင် ဘီ၊ ဗီတာမင်စီ၊ တို့ပါဝင်ပါတယ်။ သပွတ်သီးဟာစွယ်စုံအသုံးဝင်တဲ့ အသီး တစ်မျိုးဖြစ်ပါတယ်။ သပွတ်သီးဟာ အသားအရေမှာရှိတဲ့ အဆိပ်ကိုထုတ်ပေးပြီး သပွတ်သီးအမှုန့်ကိုအလှ ကုန်ပစ္စည်းတွေမှာ အသုံးြ့ပုကြပါတယ်။ အမျိုးသမီးတွေမှာ ဖြစ်တတ်တဲ့ သွေးထိန်ခြင်း တွေကိုကာကွယ် ပေးပါတယ်။ မိခင်များ အနေဖြင့်နို့ထွက်အားကောင်းစေပါတယ်။

သပွတ်အူကို အသားရေးမှာပွတ်ပေးရင် အရေပြားဆဲလ်အဟောင်းတွေသေပြီး ဆဲလ်အသစ်ကိုပြန်ဖြစ်စေပြီး ဝင်းလက်စိုပြေစေပါတယ်။ သွေးတွင်းသကြားဓာတ်ကို လျော့စေခြင်း၊ ဝမ်းချုပ်ခြင်း၊ တို့အပြင် ကိုယ်ထဲအ ဆိပ်တောက်တွေကို သန့်စင်ပေးပါတယ် အမြင်အာရုံကောင်းမွန်စေပါတယ်။ နှလုံးကျန်းမာရေးအတွက် အထောက်ကူပြုပေးပါတယ်။ မဂ္ဂနီစ်ပါဝင်တဲ့ အတွက် အစာချေစနစ်ကောင်းမွန်စေပြီး အင်ဇိုင်းစနစ်ကို ကာကွယ်ပေးပါတယ်။ ဆီးချိုဝေဒနာကို ကာကွယ်ပေးပါတယ်။ ပိုတက်စီယမ်ချို့တဲ့ခြင်းကြောင့်ဖြစ်ပေါ်တဲ့ ကြွက်တက်ခြင်း၊ နာကျင်ကိုက်ခဲခြင်း၊ အကြောဆွဲခြင်းတို့ိကို မဖြစ်အောင်ကာကွယ်ပေးပါတယ်။

သွေးအားကောင်းစေတယ်။ ဗီတာမင်စီ ပါဝင်ခြင်း ကြောင့် အသားရေခြောက်သွေ့ခြင်း၊ အရေးအကြောင်း ဖြစ်ပေါ်ခြင်း၊ အိုမင်းရင့်ရော်ခြင်းတို့အတွက်အစွမ်း ထက်တဲ့သီးနှံတစ်မျိုးဖြစ်ပါတယ်။ မဂ္ဂနီဆီယမ်ပါဝင် ခြင်းကြောင့် ခေါင်းတစ်ခြမ်းကိုက်ခြင်း ကိုသက်သာစေ ပါတယ်။ သံဓာတ်လုံလောက်စွာပါဝင်တဲ့အတွက် ဦးနှောက်ကို်အောက်ဆီဂျင်ပို့ဆောင်ရာတွက် ပိုမိုကောင်း မွန်စေပါတယ်။ စိတ်မငြိမ်းခြင်း၊ အာရုံစူးစိုက်မှု မရှိခြင်း တို့ကိုမဖြစ်အောင်ကာကွယ်ပေးပါတယ်။ ဦးနှောက် ကျန်းမာရေးကိုပိုကောင်းမွန်စေပါတယ်။ ဆီးချို အမျိုးအစား ၂ ထဲတွင် ဂလူးကိုစ့်ရဲ့ ဇီဝဖြစ်စဉ် လိုအပ်တဲ့ မဂ္ဂနီဆီယမ်အများအပြားပါဝင်ခြင်းကြောင့် ဆီး ချို ၂ အမျိုးအစားဖြစ်ပွားမှုကိုလျော့နည်းစေပါတယ်။ အားလုံးပဲကျန်းမာရွင်လန်းကြပါစေ။

Source Dr kaung thar

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။