ကြောင်လျှာပင် ဟာသဘာဝအလျောက် ပေါက်ရောက်လည့်ရှိပါတယ်။ မြန်မာနိုင်ငံအနှံအပြားမှာတွေ့ရှိရပါ တယ်။ ကြောင်လျှာပွင့်ကိုတော့ နယုန်၊ဝါဆို ပွင့်လည်းရှိပါတယ်။ အသီးကိုတော့ တန်ဆောင်မုန်းလတွင် သီးပါတယ်။ ကြောင်ချာပင်မှာ အခေါက်၊ အရွက်၊အသီး၊ အမြစ် တို့ဆေးစွမ်းထက်ပါတယ်။ ဖန်တဲ့အရသာ ရှိတဲ့အတွက် ခံတွင်းကောင်းစေပါတယ်။ နှလုံး၊ လည်ပင်း၊ ဝမ်းမီးကိုလည်း ကောင်းစေပါတယ်။ လေဝေဒနာ တွေကိုနိုင်နင်းပါတယ်။ ပျို့အန်ခြငး်၊ ချောင်းဆိုးခြင်း၊ ခွန်အားတိုးခြင်းတို့အတွက် အသုံးပြုနိုင်ပါတယ်။

ကြောင်လျှာခေါက်ကိုရေစိမ်ပြီး ထိုရေဖြင့် ပလုတ်ကျင်းပေးပါက ခံတွင်းခြောက်ခြင်း၊ ခံတွင်းကွဲခြင်းတို့ကို သက်သာစေပါတယ်။ သားဖွားပြီးသောအမျိုးသမီးများ နာကျင်ကိုက်ခဲခြင်း၊ ခေါင်းတစ်ခြမ်းကိုက်ခြင်း၊ အတွက်လည်း အစွမ်းထက်တဲ့ဆေးတစ်မျိုးပါ။ ဘိန်းဆိပ်သင့်သူတွေအနေနဲ့ ကြောင်လျှာရွက်ညှစ်ပြီရတဲ့ အရည်ကိုသောက်ပေးပါက ပျောက်ကင်းနိုင်ပါတယ်။ ကြောင်လျှာရွက်ကိုပြုတ်ပြီးတို့စားပါက နားအူနား ကိုက်ခြင်းအတွက် သက်သာစေပါတယ်။ ကြောင်လျှာသီးနှင့် ကြက်သားချက်စားပါက ပန်းနာရင်ကျပ် ပျောက်ကင်းစေပါတယ်။ကြောင်လျှာသီးကို ပုဇွန်ဖြင့် ချက်စားလျင် နှလုံးရောဂါ၊ နှလုံးတုန်၊ ရင်တုန်ခြင်း တို့ကိုသက်သာစေပါတယ်။

ငါးသလောက်နှင့် ချက်စားပါက နှလုံးအားကောင်းစေပါတယ်။ ငါးမြွေထိုးဖြင့် ချက်စားပါကလည်း မီးယပ်သွေးဝမ်း၊ ရောဂါတွေကို သက်သာစေနိုင်ပါတယ်။ အမြစ်ကိုသွေးပြိး လိမ်းပေ လည်း အနာမန်းလိုက်ခြင်းကိုပျောက်ကင်းစေပါတယ်။ လေဖြတ်ခြင်း၊ သွေးမလျှောက်ခြင်း၊ ထုံနာကျင်နာ၊ ဝေဒနာအတွက် အခေါက်အမြစ်ကို သွေးလိမ်းပေးရပါတယ်။ခေါင်းတစ်ခြမ်းကိုက်ခြင်းအတွက် ကြောင်လျှာ ခေါက်ရည်နှင့် နွားနို့ ၊ပဲစင်းငုံရွက်သတ္တုရည်ရောပြီး ရှုပေးပါက ခေါင်းတစ်ခြမ်းကိုက််တာကို ပျေက်ကင်းစေ ပါတယ်နော်။ ဝမ်းမီးနု့ံ စေဖို့ ကြောက်လျှာအခါက်မှုန့်ကို ရေနွေးဖြင့်စိမ်၍ ထားပြီး တစ်ကြိမ်သောက်လျှင် (၁)ကျပ်သားခန့် နံနက် ညသောက်ပေးပါက အစာမကြေခြင်းများပျောက်ကင်းပါတယ်။ အားလုံးပဲ ကျန်းမာရွင်လန်းကြပါစေ။

Source : ဘဝခါးခါး

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။