ဒီနေ့ညနေလေးနာရီမှာ

့်ရှမ်းအသင်းဟာမကွေးအသင်းနဲ့သုဝဏ္ဏမှာကစားရမှာ

ပါ။မကွေးနဲ့ပွဲမှာချန်ပီယံခြေစွမ်းအတွက်မဖြစ်မနေအနိုင်ကစားရမယ့်

အချိန်ကိုရောက်လာပြီလို့ရှမ်းယူနိုက်တက်နည်းပြ

စိုးမြတ်မင်းကပြောပါတယ်။စိုးမြတ်မင်းပြောသလိုပဲ

ရှမ်းအသင်းဟာရှုံးပွဲတွေကြောင့်ဖိအားတွေဝင်နေပါပြီ။

ချာရတီဖလားမှာရန်ကုန်ကိုရှံုးလဲ့သလိုနေရှင်နယ်လိဂ်

အဖွင့်ပွဲမှာလည်းဇွဲကပင်နဲ့သရေကျခဲ့ပါတယ်။ရှံုးချက်အနာ

ဆုံးဖြစ်သွားခဲ့တဲ့ပွဲကတော့အာရှချန်ပီယံလိဂ်ခြေစစ်ပွဲမှာ

ဖိလစ်ပိုင်ကလပ်ကိုစီးရပ်ကိုရှံုးခဲ့တာပါ။ရှံုးပွဲတွေဆက်နေပြီ

ဖြစ်တဲ့အတွက်ဖိအားတွေဝင်လာတတ်တာဓမ္မတာပါ။

"လူတွေကိုစိတ်ကဦးဆောင်နေတာ။စိတ်ဓာတ်ကျရင်

ဘာမှလုပ်လို့မရဘူး။ဘောလုံးပွဲမှာလည်းတူတူပဲ။အနိုင်မရတာ

ကြာလာရင်ဖိအားဝင်လာတတ်တယ်။အဲ့လိုအခြေအနေမရောက်အောင်တချို့ပွဲတွေကိုအနိုင်ကစားဖို့

လိုတယ်"လို့စိုးမြတ်မင်းကပြောပါတယ်။သူပြောသလိုပဲ

ရှမ်းမကွေးကိုနိုင်ပါ့မလားသုံးသပ်ကြည့်ရအောင်ပါ။မကွေးဟာ

ဒီနှစ်မှာပြည်တွင်းကစားသမားတွေနဲ့သာပွဲထွက်လာခဲ့ပြီး

အဖက်ဖက်ကအားနည်းမှုတွေရှိနေတဲ့အသင်းပါ။ကျော်ဇင်လွင်၊

နန္ဒကျော်၊ကျော်ဇင်ဖြိုးတို့လို့လက်ရွေးစင်အဆင့်တွေရှိနေပေမယ့်လည်း

ကစားသမားစုဖွဲ့မှုမှာအားနည်းချက်ရှိနေတာတော့အမှန်ပါ။

မကွေးအသင်းရဲ့အဓိကအားနည်းတဲ့နေရာကအသင်းရဲ့တိုက်စစ်ပိုင်းဖြစ်ပြီးမြန်မာယူ-21တိုက်စစ်မှူးစိုးလွင်လွင်ဟာခြေစွမ်း

ကောင်းမွန်ပေမယ့်အတွေ့အကြံုပိုင်းမှာတော့လိုအပ်ချက်တွေ

ရှိနေပါသေးတယ်။သူ့အနေနဲ့ရှမ်းရဲ့ဝါရင့်ခံစစ်ကစားသမား

တွေဖြစ်တဲ့ဝင်းမင်းထွတ်၊ထိုက်ထိုက်အောင်၊ဟိန်းသီဟဇော်

တို့နဲ့ရင်ဆိုင်ရာမှာသေချာပေါက်အခက်အခဲကြံုတွေ့ရမှာပါ။

မကွေးဟာပြီးခဲ့တဲ့ပွဲမှာတန်းတက်မြဝတီနဲ့သရေကျထား

ပါတယ်။ရှမ်းကလည်းဇွဲကပင်နဲ့ဂိုးမရှိသရေကျထားပါတယ်။

ထူးခြားတာတစ်ခုကနှစ်သင်းစလုံးMNLသွင်းဂိုးမရ

သေးပါဘူး။ဒီပွဲမှာဘယ်အသင်းကMNLသွင်းဂိုးစရသွားမလဲ

ဆိုတာစောင့်ကြည့်ရမှာပါ။ရှမ်းကအဖက်ဖက်ကသာနေတယ်

ဆိုပေမယ့်သူတို့ဟာရှစ်ရက်အတွင်းသုံးပွဲကစားထားပြီး

ပွဲပန်းနေပါတယ်။ဒီအချက်မကွေးအခွင့်ကောင်းယူပြီး

အသုံးချနိုင်ရင်တော့မထင်မှတ်တာတွေဖြစ်သွားပါလိမ့်မယ်..

Source-Shan UTD

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။