နာမည်ကျော်သရုပ်ဆောင်မင်းသမီးတစ်ဦးဖြစ်တဲ့ ရွှေသမီးဟာဆိုရင် ရည်ရွယ်ချက် ကြီးမားသူတစ်ယောက်ပါပဲ။ သူမဟာအလုပ်တစ်ခုကို လုပ်မယ်ဆို သေချာလေ့လာစိစစ် ပြီးမှ လုပ်တယ်လို့ ဆိုပါတယ်။ ကာရိုက်တာတစ်ခုကိုလုပ်ပြီဆိုရင်လည်း ကိုယ်လိုချင် တဲ့ပုံစံကို ဒါရိုက်တာနဲ့ ညှိနှိုင်းပြီး လုပ်ဖြစ်တယ်လို့ဆိုပါတယ်။ သူမရဲ့ခံယူချက်က ဘယ်အရာမဆို မဖြစ်နိုင်ဘူးဆို တာ မရှိဘူးလို့ဆိုပါ တယ်။ တစ်ခါတရံ ကံ ဉာဏ်နဲ့ ဝီရိယ တွေ မတိုက်ဆိုင်တဲ့အခါမျိုးတွေ မှာဆိုရင်တော့ လွဲချော်မှုတစ်ချို့ ရှိတတ်ပေမယ့် ဒါဟာ ပြန်လည်ပြင်ဆင်လို့ရတဲ့ အပိုင်း တွေပါလို့ သူမရဲ့ခံယူချက်ကိုပြောပြခဲ့ပါတယ်။ သူမသရုပ် ဆောင်ခဲ့ဖူးတဲ့ ကာရိုက်တာမျိုးကို ဆင်တူထပ်လာခဲ့ရင်တောင် အရှေ့ကချို့ယွင်းချက်ကို ပြန်လည်သုံးသပ်ပြီး ထပ်မံကြိုးစားခဲ့ တယ်လို့ဆိုပါတယ်။ လေးစားစရာစိတ်ဓာတ်ပါပဲ ပရိတ်သတ်ကြီး ရေ။

သူမဟာအောင်မြင်တဲ့ အနုပညာရှင်တစ်ဦးဖြစ်ပြီး ပရိတ်သတ်အားပေးမှုကို အပြည့်အ၀ ရရှိနေသူလည်း ဖြစ်ပါတယ်။ ယနေ့ထက်ထိ ချစ်သူတစ်ယောက်မှ မထားဖူးသေးဘူးလို့ လည်း သူမကဆိုပါတယ်။ သရုပ်ဆောင်ခဲ့တဲ့ ကာရိုက်တာတွေပေါ်မှာတော့ အားရကျေနပ်မှု ရှိ တယ်လို့ဆိုပါတယ်။ ဇာတ်ရုပ် တိုင်းဟာ သူမအတွက်စိန်ခေါ်မှု အသစ်အသစ်တွေပါပဲ လို့ဆို ပါတယ်။ ဇာတ်ကားရိုက်ကူးတဲ့အခါမှာလည်း အသေးစိတ်ကအစ ပြင်ဆင်ပြီး အားလုံး အဆင့် သင့် သေချာစေ့စေ့စပ်စပ်လုပ်ဖြစ်တယ်လို့ဆိုပါတယ်။ လတ်တလောမှာတော့ သူမက မန္တလေးမြို့ကိုရောက်ရှိနေတာဖြစ်ပြီး ချစ်စရာကောင်းတဲ့ သူမရဲ့ပုံရိပ်လေးတွေကို ရိုက်ကူးထားတာပဲဖြစ်ပါတယ်။

သရုပ်မဆောင်ဖူးသေးတဲ့ကာရိုက်တာလေးတွေကိုတော့ သရုပ်ဆောင်ကြည့်ချင်တယ်လို့ ဆို ပါတယ်။ ကိုယ်လုပ်ချင်တဲ့ပုံစံကို လုပ်မိပြီးမှ ဒါရိုက်တာလိုချင်တဲ့ပုံစံမဟုတ်လို့ လွဲချော်ခဲ့ရ တာတွေရှိဖူးတာကြောင့် နောက်ပိုင်းတွေဒီလိုမဖြစ်ရအောင် သူမကအလုပ်ကို သေချာစေ့စပ် စွာလုပ်တယ်လို့ဆိုပါတယ်။ သူမရဲ့ မန္တလေးရောက်ပုံရိပ်တွေကို " မန္တလေး ရာသီဥတုကြောင့် ဘယ်သူ့ကိုလွမ်းမှန်းမသိ အလွမ်းများပို fan fanတွေကိုတော့ ချစ်ပြီးသားပါ ချစ်တယ် Goodnight " ဆိုပြီး ခပ်ချွဲချွဲလေးတင်ထားတာဖြစ်ပါတယ်။ ဂါဝန် လေးနဲ့ ချစ်စရာကောင်းနေတဲ့ ရွှေသမီးရဲ့ပုံရိပ်လေးတွေကို ပရိတ်သတ်ကြီးအတွက် မျှဝေ လိုက်ပါတယ်နော်။

Photo – ရွှေသမီး

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။