ယခုလာမယ့် ဇန်နဝါရီလ ၃၁ ရက်နေ့ရောက်ရင်တော့ ထူးဆန်းတဲ့ မြင်ကွင်းတချို့ကို မြင်တွေ့ရတော့မယ် ထင်ပါတယ်။ ထိုထူးဆန်းတဲ့အရာလေးကတော့ ဇန်နဝါရီလ ၃၁ ရက်နေ့ရောက်လျှင် ဖြစ်စဉ် သုံးမျိုးကို တစ်ကြိမ်တည်းဖြစ်ပေါ်မယ့် လကိုမြင်တွေ့ကြရမှာပဲဖြစ်ပါတယ်။ မြင်တွေ့နေကြ ပုံစံမျိုးမဟုတ်ဘဲ ထူးဆန်းတဲ့ မြင်ကွင်းသုံးမျိုးကို မြင်တွေ့ကြရမှာပဲဖြစ်ပါတယ်။

အဆိုပါဖြစ်စဉ်သုံးမျိုးကတော့ လရဲ့အရွယ်အစား ပုံမှန်ထက်ကြီးမားမှု ( supermoon) ၊ လကြတ်မှု (lunar eclipse ) နဲ့ အပြာရောင်လ (blue moon) တို့ဖြစ်ပြီး “super blue total lunar eclipse” လို့ခေါ်ဝေါ်တယ်လို့သိရပါတယ်။အဆိုပါဖြစ်စဉ်ဖြစ်ပေါ်မည့် အကြောင်းကိုတော့ စင်ကာပူသိပ္ပံဌာန ကထုတ်ပြန်ပြောကြားခဲ့တာဖြစ်ပါတယ်။ ၎င်းဖြစ်စဉ်ဟာ လွန်ခဲ့တဲ့ နစ်ပေါင်း ၁၅၂ နှစ်ဖြစ်တဲ့ ၁၈၆၆ ခုနှစ်မှာလဲတစ်ကြိမ်ဖြစ်ခဲ့ဖူးတယ်လို့သိရပါတယ်။

“supermoon” လို့ခေါ်ဆိုရတာကတော့ ၎င်းဇန်နဝါရီလ ၃၁ ရက်နေ့မှာလနဲ့ ကမ္ဘာ အနီးဆုံးအနေအထားကိုရောက်ရှိပြီး လကိုပုံမှန်ထက်ကြီးမားစွာ မြင်တွေ့ရမှာဖြစ်လို့ခေါ်ဆိုတာဖြစ်ပြီး ၊ ထိုရက်မှာပဲ ယခုနှစ်အတွင်း ပထမဆုံးအကြိမ် လကြတ်မှု(lunar eclipse)ပါဖြစ်ပေါ်မှာဖြစ်ပါတယ်။ ဒါ့အပြင် ၎င်း ဇန်နဝါရီလ ၃၁ ရက်နေ့ဟာ လတစ်လရဲ့ ဒုတိယမြောက် လပြည့်ရက်လဲဖြစ်တာကြောင့် “ blue moon” ဖြစ်စဉ်လဲဖြစ်ပေါ်မယ်လို့သိရပါတယ်။ “blue moon” လို့ခေါ်ဝေါ်ခြင်းမှာ ရှားပါးတဲ့ဖြစ်စဉ်ကြောင့်အမည်သတ်မှတ်ထားတာဖြစ်ပြီး လရဲ့အရောင်ကတော့ အမှန်တကယ်အပြာရောင်ဖြစ်နေမှာမဟုတ်ဘူးလို့လဲသိရပါတယ်။ ထိုနေ့မှာတော့ လကြတ်မှုကြောင့် လရဲ့အရောင်ဟာ အနီ သို့မဟုတ် ကြေးနီရောင်အဖြစ်မြင်တွေ့ရနိင်တယ်လို့လဲသိရပါတယ်။

source - Duwun

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။