မန္တလေး – မူဆယ်လမ်းပိုင်းမှာ ကားလမ်းပိတ်တာတွေထပ်မဖြစ်အောင် အစိုးရအနေနဲ့ ရေတိုရေရှည်စီမံကိန်းတွေချမှတ်လုပ်ဆောင်မယ်လို့ သိရပါတယ်။ မန္တလေး – မူဆယ်ကုန်သွယ်ရေးလမ်းကြောင်း ပိတ်ဆို့မှုရှင်းလင်းရေးနဲ့ လျင်မြန်ချောမွေ့စေရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇန်နဝါရီလ ၁၀ ရက်နေ့က စီးပွားရေးနှင့်ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနရုံးမှာ ပြုလုပ်ခဲ့ပါတယ်။ တရုတ်နိုင်ငံနဲ့ နှစ်စဉ်ကုန်သွယ်မှု ပိုမိုမြင့်တက်နေပြီး မန္တလေး – မူဆယ်လမ်းကြောင်းဟာ အဓိက ကုန်သွယ်မှုဖြစ်တဲ့အတွက် လျင်မြန်ချောမွေ့စေရေးကိုအရေးကြီးကိစ္စအနေနဲ့ ဆောင် ရွက်ရမယ်လို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့တယ်လို့သိရပါတယ်။

မန္တလေး – မူဆယ်လမ်းပိုင် ယာဉ်ကြောပိတ်ဆို့မှုကို ရေတိုဖြေရှင်းဖို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့က စီမံချက်တွေရေးဆွဲနေပါပြီ။ ယာဉ်ကြောပိတ်ဆို့လေ့ရှိတာက နောင်ချို ဂုတ်တွင်းလမ်းနဲ့ ကွတ်ခိုင်အနီးတစ်ဝိုက်ဖြစ်ပါတယ်။ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းလိုက်နာမှုနည်းကြတာနဲ့ သတင်းရရှိမှုအပိုင်းအားနည်းနေကြတာကြောင့်ဖြစ်ပါတယ်။ စီးပွားရးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင်က "အဓိကကတော့ လမ်းပိတ်တာကိုအချိန်မီတော့ရှင်းနိုင်တယ်၊ ဘာတွေဖြစ်နေလဲဆိုရင် စည်းကမ်းမရှိတဲ့ ဟာတွေပါတာပေါ့၊ ယာဉ်ငယ်လေးတွေ၊ ကုန်တင်ယာဉ်ငယ်အသေးလေးတွေပေါ့၊ ကားလမ်းပွင့်သွားတာနဲ့ ဟိုဘက်ဒီဘက်တွေမောင်းကြတာပေါ့၊ အမှန်ကလေးလမ်းသွားမှာဆိုအသွားလမ်းဆို အသွားပဲသွားရမှာ၊ အဲဒီလိုစည်းကမ်းမရှိတာလေးတွေကြောင့် ပိတ်ဆို့ရတဲ့ အဓိကအကြောင်းအရင်းတွေဖြစ်လာတာပေါ့ "လိုု့ ပြောပြခဲ့ပါတယ်။

ဒါကြောင့် ရေတိုစီမံကိန်းမှာ ယာဉ်စည်းကမ်းလမ်းစည်းကမ်း မလိုက်နာသူတွေကိုထိထိရောက်ရောက် အရေးယူနိုင်ဖို့နဲ့ လမ်းပိတ်ဆို့မှုဖြစ်ခဲ့ရင် သတင်းအချက်အလက်တွေမြန်မြန်ရောက် ရှိအောင်လုပ်ဆောင်ဖို့ဆိုတဲ့ အချက်တွေပါဝင်ပါတယ်။ ဒါ့အပြင်သည်လမ်းပိုင်းမှာ ဆယ်တင်ယာဉ်တွေပိုမိုထားရှိနိုင်ဖို့နဲ့ ယာဉ်တွေအနေနဲ့တန်ပိုမတင်ဆောင်ကြဖို့လည်း စီစဉ်မယ်လို့သိရပါတယ်။ သတင်းအချက်အလက်တွေ အားလုံးကိုကြေညာပေးဖို့ကတော့ ရှမ်းပြည်နယ်အစိုးရရဲ့စီမံချက်ထဲမှာပါပါတယ်။ ဒါဆိုအကြာကြီး ပိတ်တာတွေမဖြစ်တော့ဘူး။၊ ပြည်နယ်အစိုးရကလဲ အတွေ့အကြုံတွေအများကြီးရှိပြီးသားလို့ ဦးခင်မောင်လွင်က ပြောပါတယ်။လက်ရှိမှာလည်း ပြည်နယ်အစိုးရက လေးနာရီခြားတစ်ခါ လမ်းကြောင်းရှင်းလင်းပေးနေပါတယ်။

Source - KMD

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။